[Zawgyi]

WESG ဆုိတာ World Electronic Sports Game အမည္ရတဲ့ အီလက္ထေရာနစ္အားကစားၿပိဳင္ပြဲ ျဖစ္ၿပီး ကမာၻေပၚမွာ တစ္ခုတည္းေသာ အုိလံပစ္ၿပိဳင္ပြဲစတုိင္လ္ ယွဥ္ၿပိဳင္ရတဲ့ Esports ၿပိဳင္ပြဲပါ။ ဒီၿပိဳင္ပြဲမွာ ပုံမွန္အတုိင္း ပုဂၢလိက အသင္းေတြထက္ ႏုိင္ငံတစ္ခုခ်င္းစီက ႏုိင္ငံကုိယ္စားျပဳ ကစားသမားငါးဦးစီ တက္ေရာက္ယွဥ္ၿပိဳင္ရတာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ မတ္လ ၇ ရက္ေန႔မွာေတာ့ တတိယအႀကိမ္ေျမာက္ WESG ၿပိဳင္ပြဲကို တရုတ္ႏုိင္ငံရဲ႕ အႀကီးဆုံး အင္တာနက္စီးပြားေရးလုပ္ငန္း Alibaba ရဲ႕လုပ္ငန္းခြဲေတြက စပြန္ဆာေပးမႈနဲ႔အတူ တရုတ္ႏုိင္ငံ၊ ခ်ဳံကင္းၿမိဳ႕မွာ ကမာၻတလႊားက ႏုိင္ငံေပါင္း ၂၄ ႏုိင္ငံကုိယ္စားျပဳ အသင္းေပါင္း ၂၄ သင္းနဲ႔ က်င္းပေနပါၿပီ။

ဒီပြဲကို ပါဝင္ယွဥ္ၿပိဳင္ရဖုိ႔က မလြယ္ပါဘူး။ ႏုိင္ငံတစ္ခုခ်င္းစီမွာ က်င္းပခဲ့တဲ့ လက္ရည္စစ္ပြဲမွာ အႏုိင္ရၿပီးရင္ ေနာက္တစ္ဆင့္အေနနဲ႔ ေဒသတြင္း (အေရွ႕အာရွ၊ အေရွ႕ေတာင္အာရွ၊ ဥေရာပ စသျဖင့္) သီးျခားလက္ရည္စစ္ပြဲ တစ္ခါ ျပန္ေဆာ့ရပါတယ္။

ျမန္မာႏုိင္ငံကိုုယ္စားျပဳအေနနဲ႔ တက္ေရာက္ခဲ့တဲ့ Veteran အသင္းဟာ ၂၀၁၈ ဒီဇင္ဘာက က်င္းပခဲ့တဲ့ WESG အေရွ႕ေတာင္အာရွဇုန္ဖိုင္နယ္ၿပိဳင္ပြဲမွာ တတိယရရွိခဲ့ၿပီး တရုတ္ႏုိင္ငံမွာ က်င္းပတဲ့ WESG ၿပိဳင္ပြဲကို ထိုက္ထိုက္တန္တန္ တက္ေရာက္ခဲ့တာပါ။ WESG ၿပိဳင္ပြဲႀကီးကို ဝင္ေရာက္ခါနီးမွာပဲ ျမန္မာ့ဂုဏ္ေဆာင္ Veteran အသင္းကို အိႏၵိယအေျခစုိက္ Esports အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Reckoning Gaming က ေခၚယူစာခ်ဳပ္ခ်ဳပ္ဆုိသြားတဲ့အတြက္လည္း သူတုိ႔အမည္ကို Reckoning Gaming အျဖစ္ ေျပာင္းလဲယွဥ္ၿပိဳင္ပါတယ္။

ျမန္မာကုိုယ္စားျပဳအသင္းဟာ တရုတ္အေျခစိုက္ ကမာၻ႕နာမည္ႀကီးအသင္းႏွစ္သင္းျဖစ္တဲ့ Ehome, Aster တုိ႔နဲ႔အတူ WESG အေရွ႕ေတာင္အာရွပြဲတုန္းက အရႈံးေပးခဲ့ရတဲ့ မေလးအသင္း BlackJack ၊ အေမရိကန္ဇုန္ထဲက ဘုိလီးဗီးယားႏုိင္ငံ ကိုယ္စားျပဳ Omega Gaming နဲ႔ ယူကရိန္းကုိယ္စားျပဳ Team Ukraine တုိ႔ပါဝင္တဲ့ အုပ္စု (A) မွာ က်ေရာက္ေနခဲ့တာေၾကာင့္ အားေပးသူေတြအေနနဲ႔ ရင္ထိတ္ေနခဲ့ရတာပါ။

ဒါေပမယ့္ ပထမဆုံးေန႔မွာ ကစားခဲ့ရတဲ့ ပြဲစဥ္ႏွစ္ပြဲအနက္ တရုတ္ကုိယ္စားျပဳ Team Aster ကို ပြဲဦးထြက္မွာ ၁ – ၁ ရလဒ္ျဖင့္ သေရက်ခဲ့ၿပီး မေလးကုိယ္စားျပဳ BlackJack ကိုေတာ့ ၂ – ၀ ျဖင့္ အႏုိင္ရရွိကာ ဒီဇင္ဘာတုန္းက ရႈံးေၾကြးကို ျပန္ဆပ္ႏုိင္ခဲ့တာေၾကာင့္ တစ္ပြဲႏုိင္ တစ္ပြဲသေရျဖင့္ ပထမဆုံးေန႔မွာ ရလဒ္ေကာင္းကို ပုိင္ဆုိင္ထားၿပီး အုပ္စုေအရဲ႕ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ သူ႕အေပၚမွာေတာ့ ကမာၻ႕ထိပ္တန္း ကစားသမားေကာင္းေတြ ပါဝင္ၿပီး ဒီအုပ္စုရဲ႕ အၾကမ္းဆုံး ယူကရိန္းအသင္းသာ ရွိေနတာပါ။

ဒါေၾကာင့္ Esports ပရိသတ္ေတြသာမက ျမန္မာအားကစားခ်စ္သူေတြလည္း လာမယ့္ရက္ေတြမွာ ျမန္မာကုိယ္စားျပဳ Reckoning Gaming အသင္းရဲ႕ ပြဲစဥ္ေတြကို ေစာင့္ေမွ်ာ္အားေပးရင္း တစ္ကမာၻလုံးမွ ေစာင့္ၾကည့္ေနမယ့္ ၿပိဳင္ပြဲႀကီးမွာ လက္စြမ္းျပေနတဲ့ ျမန္မာကစားသမားေတြကို ခြန္အားေပးၾကပါဦး။

Photo Credit – Team Veteran / Reckoning Gaming FB Page

[Unicode]

WESG ဆိုတာ World Electronic Sports Game အမည်ရတဲ့ အီလက်ထရောနစ်အားကစားပြိုင်ပွဲ ဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်ခုတည်းသော အိုလံပစ်ပြိုင်ပွဲစတိုင်လ် ယှဉ်ပြိုင်ရတဲ့ Esports ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ ပုံမှန်အတိုင်း ပုဂ္ဂလိက အသင်းတွေထက် နိုင်ငံတစ်ခုချင်းစီက နိုင်ငံကိုယ်စားပြု ကစားသမားငါးဦးစီ တက်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၇ ရက်နေ့မှာတော့ တတိယအကြိမ်မြောက် WESG ပြိုင်ပွဲကို တရုတ်နိုင်ငံရဲ့ အကြီးဆုံး အင်တာနက်စီးပွားရေးလုပ်ငန်း Alibaba ရဲ့လုပ်ငန်းခွဲတွေက စပွန်ဆာပေးမှုနဲ့အတူ တရုတ်နိုင်ငံ၊ ချုံကင်းမြို့မှာ ကမ္ဘာတလွှားက နိုင်ငံပေါင်း ၂၄ နိုင်ငံကိုယ်စားပြု အသင်းပေါင်း ၂၄ သင်းနဲ့ ကျင်းပနေပါပြီ။

ဒီပွဲကို ပါဝင်ယှဉ်ပြိုင်ရဖို့က မလွယ်ပါဘူး။ နိုင်ငံတစ်ခုချင်းစီမှာ ကျင်းပခဲ့တဲ့ လက်ရည်စစ်ပွဲမှာ အနိုင်ရပြီးရင် နောက်တစ်ဆင့်အနေနဲ့ ဒေသတွင်း (အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဥရောပ စသဖြင့်) သီးခြားလက်ရည်စစ်ပွဲ တစ်ခါ ပြန်ဆော့ရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့တဲ့ Veteran အသင်းဟာ ၂၀၁၈ ဒီဇင်ဘာက ကျင်းပခဲ့တဲ့ WESG အရှေ့တောင်အာရှဇုန်ဖိုင်နယ်ပြိုင်ပွဲမှာ တတိယရရှိခဲ့ပြီး တရုတ်နိုင်ငံမှာ ကျင်းပတဲ့ WESG ပြိုင်ပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်ခဲ့တာပါ။ WESG ပြိုင်ပွဲကြီးကို ဝင်ရောက်ခါနီးမှာပဲ မြန်မာ့ဂုဏ်ဆောင် Veteran အသင်းကို အိန္ဒိယအခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Reckoning Gaming က ခေါ်ယူစာချုပ်ချုပ်ဆိုသွားတဲ့အတွက်လည်း သူတို့အမည်ကို Reckoning Gaming အဖြစ် ပြောင်းလဲယှဉ်ပြိုင်ပါတယ်။

မြန်မာကိုယ်စားပြုအသင်းဟာ တရုတ်အခြေစိုက် ကမ္ဘာ့နာမည်ကြီးအသင်းနှစ်သင်းဖြစ်တဲ့ Ehome, Aster တို့နဲ့အတူ WESG အရှေ့တောင်အာရှပွဲတုန်းက အရှုံးပေးခဲ့ရတဲ့ မလေးအသင်း BlackJack ၊ အမေရိကန်ဇုန်ထဲက ဘိုလီးဗီးယားနိုင်ငံ ကိုယ်စားပြု Omega Gaming နဲ့ ယူကရိန်းကိုယ်စားပြု Team Ukraine တို့ပါဝင်တဲ့ အုပ်စု (A) မှာ ကျရောက်နေခဲ့တာကြောင့် အားပေးသူတွေအနေနဲ့ ရင်ထိတ်နေခဲ့ရတာပါ။

ဒါပေမယ့် ပထမဆုံးနေ့မှာ ကစားခဲ့ရတဲ့ ပွဲစဉ်နှစ်ပွဲအနက် တရုတ်ကိုယ်စားပြု Team Aster ကို ပွဲဦးထွက်မှာ ၁ – ၁ ရလဒ်ဖြင့် သရေကျခဲ့ပြီး မလေးကိုယ်စားပြု BlackJack ကိုတော့ ၂ – ၀ ဖြင့် အနိုင်ရရှိကာ ဒီဇင်ဘာတုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာကြောင့် တစ်ပွဲနိုင် တစ်ပွဲသရေဖြင့် ပထမဆုံးနေ့မှာ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပြီး အုပ်စုအေရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ သူ့အပေါ်မှာတော့ ကမ္ဘာ့ထိပ်တန်း ကစားသမားကောင်းတွေ ပါဝင်ပြီး ဒီအုပ်စုရဲ့ အကြမ်းဆုံး ယူကရိန်းအသင်းသာ ရှိနေတာပါ။

ဒါကြောင့် Esports ပရိသတ်တွေသာမက မြန်မာအားကစားချစ်သူတွေလည်း လာမယ့်ရက်တွေမှာ မြန်မာကိုယ်စားပြု Reckoning Gaming အသင်းရဲ့ ပွဲစဉ်တွေကို စောင့်မျှော်အားပေးရင်း တစ်ကမ္ဘာလုံးမှ စောင့်ကြည့်နေမယ့် ပြိုင်ပွဲကြီးမှာ လက်စွမ်းပြနေတဲ့ မြန်မာကစားသမားတွေကို ခွန်အားပေးကြပါဦး။

Photo Credit – Team Veteran / Reckoning Gaming FB Page