OnePlus ဟာ လာမယ့်အောက်တိုဘာလ ၁၄ ရက်နေ့မှာ OnePlus 8T ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ OnePlus 8T ဟာ OnePlus ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 65W Fast Charging စနစ်ကို အသုံးပြုလာမယ့် စမတ်ဖုန်းလည်းဖြစ်ပါတယ်။

အခုလည်း OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau ကနေ Warp Charger 65 လို့ နာမည်ပေးထားတဲ့ OnePlus 8T ရဲ့ Charger ဓါတ်ပုံကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ 65W Charger ဟာ လက်ရှိ OnePlus ဖုန်းတွေရဲ့ 30W Charger ထက် အနည်းငယ်ပိုကြီးသွားပြီး USB-C Output နဲ့ ဖြစ်သွားမှာပါ။

ဒါက OnePlus ဖုန်း Charger တွေထဲမှာ ပထမဆုံးအနေနဲ့ USB-C Output ပါဝင်တဲ့ Charger ဖြစ်လာမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင် OnePlus ဖုန်းတွေမှာ အသုံးပြုထားတဲ့ Cable တွေကို အသုံးပြုနိုင်တော့မှာမဟုတ်ဘဲ USB-C to USB-C Cable အသစ်ကိုပဲ အသုံးပြုရတော့မှာပါ။

OnePlus 8T ဖုန်းဟာ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 0-58% ကို ၁၅ မိနစ်အတွင်းအားသွင်းနိုင်မှာဖြစ်သလို 0-100% ပြည့်ဖို့အတွက် ၃၉ မိနစ်ပဲ အချိန်ပေးရမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိ အသုံးများတဲ့ USB Power Delivery ကိုလည်း 45W အထိ Support ပေးတဲ့အတွက် တခြားသောဖုန်းတွေအပြင် USB-C အသုံးပြုထားတဲ့ Laptop တွေကိုပါ ပြန်လည်အားသွင်းနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် ယခု OnePlus 8T ရဲ့ 65W Wrap Charging အပြင် တခြားသော အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ တရားဝင်သိရှိရမှာဖြစ်ပါတယ်။

Ref – Gizmo China