OnePlus စမတ်ဖုန်းတွေဟာ လက်ရှိအချိန်အထိ တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် Camera ပိုင်းမှာ အားနည်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ OnePlus Co-founder နဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Pete Lau ကနေ အဆိုပါ Camera ပိုင်းအားနည်းချက်တွေကို ဖြေရှင်းသွားဖို့ အာရုံစိုက်သွားတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

အခုပြောကြားချက်က Weibo Discussion တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၁ မှာ ထွက်ရှိလာမယ့် OnePlus ဖုန်းတွေရဲ့ Camera ပိုကောင်းလာစေဖို့ R&D အပိုင်းကို ပိုမိုအလေးပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လာမယ့် OnePlus 9 Series အပါအဝင် နောက်ထပ် OnePlus ဖုန်းတွေရဲ့ Camera ပိုင်းဘယ်လောက်ထိ ကောင်းမွန်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လောလောဆယ်မှာ OnePlus အနေနဲ့ Huawei လိုမျိုး Leica ကုမ္ပဏီနဲ့ ပူးပေါင်းမှုတွေပြုလုပ်နေတယ်ဆိုပြီး သတင်းတွေထွက်ရှိထားပေမယ့် Pete Lau ကတော့ အဆိုပါ သတင်းကို အတည်ပြုခဲ့ခြင်းမရှိပါဘူး။ လက်ရှိအချိန်မှာ စမတ်ဖုန်းကုမ္ပဏီတွေအတော်များများက နာမည်ကြီး Camera ကုမ္ပဏီတွေနဲ့ ပူးပေါင်းနေကြသလို Leica ဘက်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Huawei ကုမ္ပဏီတစ်ခုထဲနဲ့ သီးသန့်လက်တွဲထားတာမဟုတ်ဘူးလို့ပြောကြားခဲ့တဲ့အတွက် ဒီသတင်းလည်း ဖြစ်နိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus ဖုန်းတွေရဲ့ လက်ရှိအချိန်အထိ အားနည်းချက်တစ်ခုဖြစ်နေတဲ့ Camera ပိုင်းသာ တခြားသော Flagship ဖုန်းတွေနီးပါး ပြန်ကောင်းလာနိုင်မယ်ဆိုရင် Oneplus Fan တွေအတွက်တော့ ဝမ်းသာစရာသတင်းဖြစ်လာမှာပါ။

Ref – GSM Arena