[Zawgyi]

OnePlus 7T နဲ႔ OnePlus 7T Pro တို႔ကို လာမယ့္ ၂၆ ရက္ေန႔မွာ ေၾကညာေတာ့မွာ ျဖစ္ၿပီး အခုေတာ့ OnePlus CEO Pete Lau က OnePlus 7T ရဲ႕ ဘူးခြံ ဓါတ္ပံုကို ျပသလိုက္ပါတယ္။ OnePlus One ရဲ႕ ဘူးခြံနဲ႔ ဒီဇိုင္း တူတာကို ေတြ႕ရပါတယ္။ ဓါတ္ပံုအရ OnePlus 7T ကို အနီေရာင္ ဘူးခြံနဲ႔ ထည့္ေပးထားမွာ ျဖစ္ေပမယ့္ အျပင္ဘက္မွာ ဒီဇိုင္းလွပတဲ့ ဘူးခြံ ၁ ခု ပါလာႏိုင္ၿပီး OnePlus နာမည္နဲ႔ ဖုန္း နာမည္ပါတဲ့ အျဖဴေရာင္ ဘူးခြံ ျဖစ္ႏုိင္ပါတယ္။

OnePlus က လက္ရွိမွာ သူ႔ ဖုန္းေတြအတြက္ ဘူးခြံ ၂ ထပ္ ပံုစံကို သံုးေနပါတယ္။ အျပင္ဘက္ ဘူးခြံရဲ႕ တစ္၀က္ဟာ အျဖဴေရာင္နဲ႔ အတြင္းဘက္ ဘူးခြံရဲ႕ တစ္၀က္ဟာ အနီေရာင္ ျဖစ္ပါတယ္။ OnePlus 7T ရဲ႕ အတြင္းဘက္ ဘူးခြံမွာေတာ့ အနီေရာင္ကိုပဲ သံုးထားမွာပါ။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ OnePlus 7T မွာ ၆.၅၅ လက္မ FHD+ AMOLED Display ပါလာမွာ ျဖစ္ၿပီး Waterdrop Notch တပ္ဆင္ထားမွာပါ။ 90Hz Refresh Rate ျဖစ္ၿပီး အေနာက္ဘက္ကို ဖန္နဲ႔ ဖံုးအုပ္ထားမွာပါ။ Snapdragon 855 Plus , 8GB RAM ေတြ ထည့္သြင္းထားမွာ ျဖစ္ၿပီး 256GB Storage အထိ ေရြးခ်ယ္ႏုိင္မွာပါ။

Warp Charge 30T နာမည္ရ လွ်င္ျမန္စြာ အားသြင္းနည္းပညာ အသစ္ ပါတဲ့ 3,800mAh Battery ပါလာႏုိင္ပါတယ္။ အေနာက္ဘက္မွာ 48MP + 16MP + 12MP Triple Rear Camera နဲ႔ အေရွ႕ဘက္မွာ 16MP Selfie Camera ထည့္ထားမွာပါ။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားၿပီး Android 10 ေမာင္းႏွင္ထားမွာပါ။

Ref : gizmochina

[Unicode]

OnePlus 7T ရဲ့ ဘူးခွံ ဓါတ်ပုံကို ပြသလိုက်တဲ့ Pete Lau

OnePlus 7T နဲ့ OnePlus 7T Pro တို့ကို လာမယ့် ၂၆ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ OnePlus CEO Pete Lau က OnePlus 7T ရဲ့ ဘူးခွံ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ OnePlus One ရဲ့ ဘူးခွံနဲ့ ဒီဇိုင်း တူတာကို တွေ့ရပါတယ်။ ဓါတ်ပုံအရ OnePlus 7T ကို အနီရောင် ဘူးခွံနဲ့ ထည့်ပေးထားမှာ ဖြစ်ပေမယ့် အပြင်ဘက်မှာ ဒီဇိုင်းလှပတဲ့ ဘူးခွံ ၁ ခု ပါလာနိုင်ပြီး OnePlus နာမည်နဲ့ ဖုန်း နာမည်ပါတဲ့ အဖြူရောင် ဘူးခွံ ဖြစ်နိုင်ပါတယ်။

OnePlus က လက်ရှိမှာ သူ့ ဖုန်းတွေအတွက် ဘူးခွံ ၂ ထပ် ပုံစံကို သုံးနေပါတယ်။ အပြင်ဘက် ဘူးခွံရဲ့ တစ်ဝက်ဟာ အဖြူရောင်နဲ့ အတွင်းဘက် ဘူးခွံရဲ့ တစ်ဝက်ဟာ အနီရောင် ဖြစ်ပါတယ်။ OnePlus 7T ရဲ့ အတွင်းဘက် ဘူးခွံမှာတော့ အနီရောင်ကိုပဲ သုံးထားမှာပါ။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ OnePlus 7T မှာ ၆.၅၅ လက်မ FHD+ AMOLED Display ပါလာမှာ ဖြစ်ပြီး Waterdrop Notch တပ်ဆင်ထားမှာပါ။ 90Hz Refresh Rate ဖြစ်ပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။ Snapdragon 855 Plus , 8GB RAM တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။

Warp Charge 30T နာမည်ရ လျှင်မြန်စွာ အားသွင်းနည်းပညာ အသစ် ပါတဲ့ 3,800mAh Battery ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 48MP + 16MP + 12MP Triple Rear Camera နဲ့ အရှေ့ဘက်မှာ 16MP Selfie Camera ထည့်ထားမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Android 10 မောင်းနှင်ထားမှာပါ။

Ref : gizmochina