[Unicode]

YouTube ရဲ့ နောက်ဆုံးသတင်းဖော်ပြချက်အရ PewDiePie ဟာ ချန်နယ်မှာ လူကြိုက်များပြီး ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ ကြည့်ရှုသူပေါင်း ၄ ဘီလီယံ အထိရရှိခဲ့ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့စံချိန်သစ်အဖြစ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

PewDiePie ဟာ ဒီနှစ်ထဲမှာ အိန္ဒိယ ဂီတရုပ်သံလိုင်း T-Series နဲ့ အွန်လိုင်း ပြိုင်ပွဲမှာ Subscribed အများဆုံးဆုကို လက်လွှတ်ခဲ့ရပေမယ့် YouTube မှာတော့ စံချိန်တင် ကြည့်ရှုသူဦးရေကို ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ Channel ဟာ Subscriber ပေါင်း သန်း ၁၀၀ ကျော်ရှိနေပြီး T-Series ကတော့ သန်း ၁၂၀ ကျော် ဖြစ်ပါတယ်။

PewDiePie ဟာ ကမ္ဘာ့ ရေပန်းအစားဆုံး Gamer နဲ့ YouTuber လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ ဟာသဉာဏ်ရွှင်မှုနဲ့ Content ကောင်းတွေ ဖန်တီးနိုင်မှုကလည်း အခုလိုအောင်မြင်ခြင်းအတွက် အဓိကအကြောင်းချက် တစ်ခုလို့ ဆိုရမှာပါ။ သူ့ရဲ့ ဗီဒီယိုကို ကြည့်သူတိုင်းကို ပေါ့ပေါ့ပါးပါးနဲ့ရယ်မောပျော်ရွှင်အောင် ပြုလုပ်နိုင်သူလည်း ဖြစ်ပါတယ်။

ဒီနှစ်မှာ စံချိန်တင်ကြည့်ရှုမှုရခဲ့တဲ့အတွက် Pew ဟာ ဝင်ငွေတော့ အတော်လေးဖြောင့်ခဲ့မှာ သေချာပါတယ်။ အခုလက်ရှိ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၂၀ အထိ ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ ငယ်ရွယ်တဲ့ YouTuber တွေနဲ့ လူအတော်များများရဲ့ Idol တစ်ယောက်ဖြစ်လာတာပါ။ သူကလည်း လူငယ်တွေကို သိက္ခာရှိပြီး ကောင်းမွန်တဲ့ Content တွေဖန်တီးဖို့၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ကျော်ကြားအောင် ပြုလုပ်ဖို့ အမြဲတမ်း တိုက်တွန်းလေ့ရှိပါတယ်။

Pew ဟာ လာမယ့် ၂၀၂၀ မှာ YouTube ပေါ်က သူ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်တော့မယ်ဆိုတဲ့အကြောင်းကို နောက်ဆုံးဗီဒီယိုမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူဟာ YouTube ပေါ်မှာ Content ဖန်တီးသူအဖြစ် ၁၀ နှစ်ကျော်လုပ်ကိုင်လာတာကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရပြီး ကာလကြာရှည်အနားယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ YouTube ရဲ့ မူဝါဒအသစ်ကိုလည်း သဘောမတူကြောင်း ပြသခဲ့ပါတယ်။ သူ့ဇနီး Marzia ကလည်း စိတ်ဖိစီးမှု ကြီးမားလွန်းတာကြောင့် သူမရဲ့ YouTube ကို ရပ်နားတော့မှာ ဖြစ်ပါတယ်။

Ref: Gurugamer

[Zawgyi]

၂၀၁၉ ခုႏွစ္အတြင္း YouTube ေပၚမွာ ၾကည့္ရႈသူေပါင္း ၄ ဘီလီယံနဲ႔ ကမာၻ႔ စံခ်ိန္သစ္ တင္ႏိုင္ခဲ့တဲ့ PewDiePie

YouTube ရဲ႕ ေနာက္ဆုံးသတင္းေဖာ္ျပခ်က္အရ PewDiePie ဟာ ခ်န္နယ္မွာ လူႀကိဳက္မ်ားၿပီး ေရပန္းအစားဆုံးျဖစ္ခဲ့ပါတယ္။ သူဟာ ၂၀၁၉ ခုႏွစ္မွာ ၾကည့္ရႈသူေပါင္း ၄ ဘီလီယံ အထိရရွိခဲ့ပါတယ္။ ဒီပမာဏဟာ ကမာၻ႔စံခ်ိန္သစ္အျဖစ္ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

PewDiePie ဟာ ဒီႏွစ္ထဲမွာ အိႏၵိယ ဂီတ႐ုပ္သံလိုင္း T-Series နဲ႔ အြန္လိုင္း ၿပိဳင္ပြဲမွာ Subscribed အမ်ားဆုံးဆုကို လက္လႊတ္ခဲ့ရေပမယ့္ YouTube မွာေတာ့ စံခ်ိန္တင္ ၾကည့္ရႈသူဦးေရကို ရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ သူ႔ရဲ႕ Channel ဟာ Subscriber ေပါင္း သန္း ၁၀၀ ေက်ာ္ရွိေနၿပီး T-Series ကေတာ့ သန္း ၁၂၀ ေက်ာ္ ျဖစ္ပါတယ္။

PewDiePie ဟာ ကမာၻ႔ ေရပန္းအစားဆုံး Gamer နဲ႔ YouTuber လို႔ ဆိုႏိုင္ပါတယ္။ သူ႔ရဲ႕ ဟာသဉာဏ္႐ႊင္မႈနဲ႔ Content ေကာင္းေတြ ဖန္တီးႏိုင္မႈကလည္း အခုလိုေအာင္ျမင္ျခင္းအတြက္ အဓိကအေၾကာင္းခ်က္ တစ္ခုလို႔ ဆိုရမွာပါ။ သူ႔ရဲ႕ ဗီဒီယိုကို ၾကည့္သူတိုင္းကို ေပါ့ေပါ့ပါးပါးနဲ႔ရယ္ေမာေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ႏိုင္သူလည္း ျဖစ္ပါတယ္။

ဒီႏွစ္မွာ စံခ်ိန္တင္ၾကည့္ရႈမႈရခဲ့တဲ့အတြက္ Pew ဟာ ဝင္ေငြေတာ့ အေတာ္ေလးေျဖာင့္ခဲ့မွာ ေသခ်ာပါတယ္။ အခုလက္ရွိ သူ႔ရဲ႕ပိုင္ဆိုင္မႈဟာ ေဒၚလာ သန္း ၂၀ အထိ ရွိပါတယ္။ ဒါေၾကာင့္လည္း သူဟာ ငယ္႐ြယ္တဲ့ YouTuber ေတြနဲ႔ လူအေတာ္မ်ားမ်ားရဲ႕ Idol တစ္ေယာက္ျဖစ္လာတာပါ။ သူကလည္း လူငယ္ေတြကို သိကၡာရွိၿပီး ေကာင္းမြန္တဲ့ Content ေတြဖန္တီးဖို႔၊ မွန္ကန္တဲ့နည္းလမ္းနဲ႔ ေက်ာ္ၾကားေအာင္ ျပဳလုပ္ဖို႔ အၿမဲတမ္း တိုက္တြန္းေလ့ရွိပါတယ္။

Pew ဟာ လာမယ့္ ၂၀၂၀ မွာ YouTube ေပၚက သူ႔ရဲ႕ လႈပ္ရွားမႈေတြကို ရပ္တန႔္ေတာ့မယ္ဆိုတဲ့အေၾကာင္းကို ေနာက္ဆုံးဗီဒီယိုမွာ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။ သူဟာ YouTube ေပၚမွာ Content ဖန္တီးသူအျဖစ္ ၁၀ ႏွစ္ေက်ာ္လုပ္ကိုင္လာတာေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈကို ခံစားလာရၿပီး ကာလၾကာရွည္အနားယူဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သူဟာ YouTube ရဲ႕ မူဝါဒအသစ္ကိုလည္း သေဘာမတူေၾကာင္း ျပသခဲ့ပါတယ္။ သူ႔ဇနီး Marzia ကလည္း စိတ္ဖိစီးမႈ ႀကီးမားလြန္းတာေၾကာင့္ သူမရဲ႕ YouTube ကို ရပ္နားေတာ့မွာ ျဖစ္ပါတယ္။

Ref: Gurugamer