Unicode

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် ပထမဆုံး Esports ရွှေတံဆိပ်ဆုကို ဒီဇင်ဘာ (၈) ရက်နေ့က Mobile Legends: Bang Bang ဂိမ်းနဲ့ အိမ်ရှင်ဖိလစ်ပိုင်ကနေ ရရှိသွားခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ လက်ရှိ MLBB မှာ အကြမ်းဆုံးလို့ ပြောရမယ့် အင်ဒိုနီးရှားနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ခဲ့ရပြီး Best Of 5 (Bo5) အဖြစ် ငါးပွဲကစားရာမှာ ငါးပွဲလုံး အပြည့်ကစားခဲ့ရပြီး ၃ – ၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အင်ဒိုဟာ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပြီး တတိယကြေးတံဆိပ်တစ်ခုကိုတော့ မလေးရှားက ရရှိခဲ့ပါတယ်။

အိမ်ရှင်ဖိလစ်ပိုင်ရဲ့ အောင်မြင်မှုဟာ ဒီလောက်နဲ့ ရပ်တန့်မသွားဘဲ ဒီဇင်ဘာ ၉ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့ နောက်ထပ်လူကြိုက်များ Esports တစ်ခုဖြစ်တဲ့ Dota 2 မှာလည်း ရွှေတံဆိပ်ကို ထပ်မံဆွတ်ခူးခဲ့ပါတယ်။ Dota 2 ပြိုင်ပွဲမှာတော့ ထိုင်းအသင်းနဲ့ ဗိုလ်လုပွဲကစားခဲ့ရပြီး ၃ – ၂ ရလဒ်နဲ့ပဲ နီးကပ်စွာ အနိုင်ရရှိခဲ့တာပါ။ ဒါ့ကြောင့် Esports ကနေ အိမ်ရှင်ဖိလစ်ပိုင်ဟာ ရွှေတံဆိပ်နှစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

တတိယမြောက် MOBA အမျိုးအစားဂိမ်းဖြစ်တဲ့ Arena of Valor (AoV) ကိုလည်း ဒီဇင်ဘာ ၉ ရက်နေ့မှာပဲ ဗိုလ်လုပွဲကျင်းပခဲ့ပြီး ဒီဂိမ်းမှာတော့ အိမ်ရှင်ဖိလစ်ပိုင်ဟာ မြန်မာအသင်းနဲ့အတူ အုပ်စုအဆင့်မှာပဲ နေခဲ့ရပါတယ်။ AoV ဗိုလ်လုပွဲမှာ အုပ်စုဗိုလ်တွေဖြစ်တဲ့ အင်ဒိုနဲ့ ထိုင်းတို့သာ ရင်ဆိုင်တွေ့ခဲ့ပြီး ဒီတစ်ခါတော့ ထိုင်းအသင်းက ၃ ပွဲပြတ်နဲ့ အနိုင်ရရှိပြီး ရွှေတံဆိပ်ကို ရယူခဲ့ပါတယ်။

Zawgyi

၂၀၁၉ ခုႏွစ္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္အတြက္ ပထမဆုံး Esports ေရႊတံဆိပ္ဆုကို ဒီဇင္ဘာ (၈) ရက္ေန႔က Mobile Legends: Bang Bang ဂိမ္းနဲ႔ အိမ္ရွင္ဖိလစ္ပိုင္ကေန ရရွိသြားခဲ့ပါတယ္။

ဖိလစ္ပိုင္ဟာ လက္ရွိ MLBB မွာ အၾကမ္းဆုံးလို႔ ေျပာရမယ့္ အင္ဒိုနီးရွားနဲ႔ ဗုိလ္လုပြဲမွာ ယွဥ္ၿပဳိင္ခဲ့ရၿပီး Best Of 5 (Bo5) အျဖစ္ ငါးပြဲကစားရာမွာ ငါးပြဲလုံး အျပည့္ကစားခဲ့ရၿပီး ၃ – ၂ ရလဒ္နဲ႔ အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အင္ဒိုဟာ ေငြတံဆိပ္နဲ႔သာ ေက်နပ္ခဲ့ရၿပီး တတိယေၾကးတံဆိပ္တစ္ခုကိုေတာ့ မေလးရွားက ရရွိခဲ့ပါတယ္။

အိမ္ရွင္ဖိလစ္ပိုင္ရဲ႕ ေအာင္ျမင္မႈဟာ ဒီေလာက္နဲ႔ ရပ္တန္႔မသြားဘဲ ဒီဇင္ဘာ ၉ ရက္ေန႔မွာ ဆက္လက္ယွဥ္ၿပိဳင္ခဲ့တဲ့ ေနာက္ထပ္လူႀကိဳက္မ်ား Esports တစ္ခုျဖစ္တဲ့ Dota 2 မွာလည္း ေရႊတံဆိပ္ကို ထပ္မံဆြတ္ခူးခဲ့ပါတယ္။ Dota 2 ၿပိဳင္ပြဲမွာေတာ့ ထိုင္းအသင္းနဲ႔ ဗုိလ္လုပြဲကစားခဲ့ရၿပီး ၃ – ၂ ရလဒ္နဲ႔ပဲ နီးကပ္စြာ အႏုိင္ရရွိခဲ့တာပါ။ ဒါ့ေၾကာင့္ Esports ကေန အိမ္ရွွင္ဖိလစ္ပိုင္ဟာ ေရႊတံဆိပ္ႏွစ္ခုကို ရယူႏုိင္ခဲ့ပါတယ္။

တတိယေျမာက္ MOBA အမ်ဳိးအစားဂိမ္းျဖစ္တဲ့ Arena of Valor (AoV) ကုိလည္း ဒီဇင္ဘာ ၉ ရက္ေန႔မွာပဲ ဗုိလ္လုပြဲက်င္းပခဲ့ၿပီး ဒီဂိမ္းမွာေတာ့ အိမ္ရွင္ဖိလစ္ပုိင္ဟာ ျမန္မာအသင္းနဲ႔အတူ အုပ္စုအဆင့္မွာပဲ ေနခဲ့ရပါတယ္။ AoV ဗုိလ္လုပြဲမွာ အုပ္စုဗုိလ္ေတြျဖစ္တဲ့ အင္ဒိုနဲ႔ ထုိင္းတုိ႔သာ ရင္ဆုိင္ေတြ႕ခဲ့ၿပီး ဒီတစ္ခါေတာ့ ထုိင္းအသင္းက ၃ ပြဲျပတ္နဲ႔ အႏုိင္ရရွိၿပီး ေရႊတံဆိပ္ကို ရယူခဲ့ပါတယ္။