Zawgyi





Ref: Gizmo China

Unicode

Pop Up Selfie Camera ပါဝင်တဲ့ VIVO V15 Pro ရဲ့ ကာဗာပုံများပေါက်ကြား

VIVO ရဲ့ VIVO V11 Pro ဟာ အိန္ဒိယမှာ အတော်လေး အောင်မြင်ခဲ့ပါတယ်။ အဲ့တာကြောင့် V11 Pro ရဲ့ နောက်ဆက်တွဲ V Series ဖုန်း တစ်လုံးကို အိန္ဒိယမှာ စတင်မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။ ဖေဖော်ဝါရီ လအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး VIVO ပရိသတ်တွေကတော့ အဆိုပါ V Series ဖုန်း အသစ်ကို နာမည်ဘယ်လိုခေါ်မလဲဆိုတာ ခန့်မှန်းနေခဲ့ကြပါတယ်။ တစ်ချို့ကလည်း V12 Pro လို့မခေါ်ပဲ V13 Pro လို့ခေါ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ တစ်ချို့ကလည်း ၁၃ ဂဏန်းဟာ ကံမကောင်းတာကြောင့် V14 Pro လို့ခေါ်မယ်လို့ ထင်ကြပြန်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပေါက်ကြားလာတဲ့ ပုံတွေမှာတော့ VIVO V15 Pro လို့ သုံးနှုန်းထားတာ တွေ့လိုက်ရပါပြီ။

ပေါက်ကြားလာတဲ့ ပုံတွေဟာ ဖုန်းဒီဇိုင်းပုံတွေ မဟုတ်ပဲ V15 Pro ရဲ့ ဖုန်းကာဗာတွေပါ။ ဒါပေမယ့်လည်း ဖုန်းကာဗာကနေ တစ်ဆင့် ဖုန်းရဲ့ ဒီဇိုင်းကို အအလွယ်တကူခန့်မှန်းလို့ရပါတယ်။ ပေါက်ကြားလာတဲ့ ကာဗာပုံတွေကနေ သိလိုက်ရတဲ့ အဓိက အချက်ကတော့ V15 Pro မှာ Triple Rear Camera ပါလာမှာပါ။ OPPO ကလည်း သူ့ရဲ့ Super Mid-range ဖြစ်တဲ့ R17 Pro မှာ Triple Rear Camera တပ်ပေးထားတာကြောင့် BBK Electronic ကုမ္ပဏီကြီးရဲ့ လက်အောက် ကုမ္ပဏီချင်းတူတဲ့ VIVO ကလည်း သူ့ရဲ့ V15 Pro မှာ Triple Rear Camera တပ်ပေးတာ မဆန်းပါဘူး။

တစ်ခြားဖုန်းတွေထက် သာလွန်သွားတဲ့ အချက်ကတော့ Pop Up Selfie Camera ပါဝင်သွားတာပါပဲ။ ဖုန်းကာဗာရဲ့ ထိပ်ဘက်မှာ Pop Up Selfie Camera လေးအတွက် အပေါက် တစ်ပေါက်ဖောက်ထားတာတွေ့ရတဲ့ အတွက် Pop Up Camera ပါဝင်လာဖို့ကတော့ လုံးဝ သေချာ သွားပါပြီ။

နောက်ကျောဘက်မှာ Fingerprint Scanner အတွက် အပေါက်မပါတာကြောင့် V15 Pro မှာ Under-Display Fingerprint Scanner ပါဝင်လာမှာပါ။ ဒီဇိုင်းအနေအထားကတော့ VIVO NEX နဲ့ တူလောက်ပြီး ဘယ် SoC သုံးထားမယ်နဲ့ RAM ဘယ်လောက်ရှိမယ်၊ အစရှိတဲ့ အသေးစိတ်အချက်တွေတော့ သိရခြင်းမရှိသေးပါဘူး။ နောက်လမှပဲ VIVO V15 Pro ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။

Ref: Gizmo China