[Zawgyi]

Phone Company မ်ားရဲ႕ အတြင္းသတင္းမ်ားကို မွ်ေ၀ရာမွာ နာမည္ႀကီးတဲ့ IceUniverse က 108MP နဲ႔ 10x Optical Zoom Camera မ်ားပါတဲ့ ဖုန္းမ်ား လာမယ့္ႏွစ္မွာ ထြက္လာမယ္လို႔ ေျပာပါတယ္။ သူက Twitter ကေန ဒီသတင္းကို မွ်ေ၀လိုက္တာ ျဖစ္ၿပီး သူ႔ရဲ႕ ပို႔စ္မွာ Samsung Galaxy Note 10 လို႔ ထင္ရတဲ့ ဓါတ္ပံု တစ္ခု ပါပါတယ္။ အဲဒီ စမတ္ဖုန္း ထုတ္လုပ္မယ့္ ကုမၸဏီရဲ႕ သတင္းအခ်က္အလက္ေတာ့ မပါပါဘူး။

Credit Suisse က ၂၀၁၉ ခုႏွစ္ ဒုတိယ ႏွစ္၀က္မွာ 65MP Sensors နဲ႔ ၂၀၂၀ ခုႏွစ္မွာ 108MP Sensors ပါတဲ့ စမတ္ဖုန္းမ်ား ထြက္လာမယ္လို႔ မတ္လက ခန္႔မွန္းထားပါတယ္။ 65MP Sensors မ်ား ေပၚမလာေသးေပမယ့္ 64MP Sensors မ်ားေတာ့ ထြက္လာပါၿပီ။ ဖုန္း ကုမၸဏီေတြက ထုတ္လုပ္ဖို႔စီစဥ္ေနၾကပါတယ္။ Qualcomm ကလည္း စမတ္ဖုန္းမ်ားမွာ 64MP နဲ႔ 100MP Cameras မ်ားပါလာမယ္လို႔ အလားတူ ခန္႔မွန္းမႈမ်ားကို ျပဳလုပ္ခဲ့ဖူးပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ 64MP Sensor ကို Samsung က ထုတ္လုပ္ထားပါတယ္။ အဲဒီအတြက္ 108MP Sensor ကို Samsung ကပဲ အရင္ဆံုးထုတ္လုပ္ႏုိင္ပါတယ္။ Samsung က 5x Optical Zoom Camera ကိုလည္း ဖန္တီးေနပါတယ္။ 100+MP Mobile Sensor နဲ႔ 10x Zoom Periscope မ်ားကို ဖန္တီးေနတယ္လို႔ ေၾကညာထားတဲ့ ကုမၸဏီ မရွိေသးပါဘူး။ အဲဒီအတြက္ အထက္ပါ သတင္းဟာ ခန္႔မွန္းခ်က္ေလာက္သာ ရွိပါတယ္။

Ref : gsmarena

[Unicode]

108MP နဲ့ 10x Optical Zoom Camera များပါတဲ့ ဖုန်းများ လာမယ့်နှစ်မှာ ထွက်လာမယ်

Phone Company များရဲ့ အတွင်းသတင်းများကို မျှဝေရာမှာ နာမည်ကြီးတဲ့ IceUniverse က 108MP နဲ့ 10x Optical Zoom Camera များပါတဲ့ ဖုန်းများ လာမယ့်နှစ်မှာ ထွက်လာမယ်လို့ ပြောပါတယ်။ သူက Twitter ကနေ ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး သူ့ရဲ့ ပို့စ်မှာ Samsung Galaxy Note 10 လို့ ထင်ရတဲ့ ဓါတ်ပုံ တစ်ခု ပါပါတယ်။ အဲဒီ စမတ်ဖုန်း ထုတ်လုပ်မယ့် ကုမ္ပဏီရဲ့ သတင်းအချက်အလက်တော့ မပါပါဘူး။

Credit Suisse က ၂၀၁၉ ခုနှစ် ဒုတိယ နှစ်ဝက်မှာ 65MP Sensors နဲ့ ၂၀၂၀ ခုနှစ်မှာ 108MP Sensors ပါတဲ့ စမတ်ဖုန်းများ ထွက်လာမယ်လို့ မတ်လက ခန့်မှန်းထားပါတယ်။ 65MP Camera Sensor များ မပေါ်လာသေးပေမယ့် 64MP Sensor များတော့ ထွက်လာပါပြီ။  ဖုန်း ကုမ္ပဏီတွေက ထုတ်လုပ်ဖို့စီစဉ်နေကြပါတယ်။ Qualcomm ကလည်း စမတ်ဖုန်းများမှာ 64MP နဲ့ 100MP Cameras များပါလာမယ်လို့ အလားတူ ခန့်မှန်းမှုများကို ပြုလုပ်ခဲ့ဖူးပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ 64MP Sensor ကို Samsung က ထုတ်လုပ်ထားပါတယ်။ အဲဒီအတွက် 108MP Sensor ကို Samsung ကပဲ အရင်ဆုံးထုတ်လုပ်နိုင်ပါတယ်။ Samsung က 5x Optical Zoom Camera ကိုလည်း ဖန်တီးနေပါတယ်။ 100+MP Mobile Sensor နဲ့ 10x Zoom Periscope များကို ဖန်တီးနေတယ်လို့ ကြေညာထားတဲ့ ကုမ္ပဏီ မရှိသေးပါဘူး။ အဲဒီအတွက် အထက်ပါ သတင်းဟာ ခန့်မှန်းချက်လောက်သာ ရှိပါတယ်။

Ref : gsmarena