[Zawgyi]

တရုတ္ႏုိင္ငံအတြင္းက ထြက္ေပၚလာတဲ့ သတင္းေတြမွာ Apple ဟာ iPad Mini 5 ထုတ္လုပ္မႈကို စတင္ေနၿပီလို႔ ဆုိလာၿပီး အခုျမင္ရတာပဲ ျဖစ္မွာပါ။ သူ႕ဒီဇုိင္းဟာ ၂၀၁၈ ခုႏွစ္ iPad 9.7” ဗားရွင္းနဲ႔ နီးစပ္ၿပီး လုံးဝန္းတဲ့ အနားေတြနဲ႔ ထိပ္မွာ အင္တာနာအတြက္ Window တုိ႔ပါဝင္လာတယ္။

ေဘးဘက္ေတြမွာ ပိုအေရးႀကီးတာက iPad Pro အသစ္ေတြဟာ ေလးေထာင့္က်က် ထုတ္လုပ္လာၾကၿပီး Apple Pencil ကို သူတုိ႔ရဲ႕ေဘးဘက္မွာ သံလုိက္နည္းျဖင့္ ကပ္ထားႏိုင္ေစဖို႔ျဖစ္တယ္။ မီနီဗားရွင္းမွာ Pencil မလိုပါေပမယ့္လည္း Apple ကသူတုိ႔ရဲ႕ဒီဇုိင္းကို ပုံစံတစ္ခုတည္း တည္ျငိမ္ေစခ်င္ပုံ ရပါတယ္။

ညာဘက္အေပၚေထာင့္မွာေတာ့ 3.5mm Jack ကိုေတြ႕ရၿပီး မႏွစ္က မတ္လမွာ ထြက္ခဲ့တဲ့ iPad 9.7” မွာေတာ့ မပါလာခဲ့ပါဘူး။ လတ္တေလာ iPad Mini 5 နဲ႔ပတ္သက္ၿပီး Leak သတင္းတုေတြလည္း ထြက္ေနတာေၾကာင့္ အခုပုံကိုလည္း အတိအက်ႀကီးေတာ့ ယုံစားလုိ႔ မရေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ ေအာက္ေျခမွာ USB-C Port တစ္ခုကို စပီကာႏွစ္ခု ေဘးကရံထားတဲ့ ပုံစံနဲ႔ေတြ႕ရပါတယ္။

တတိယပုံမွာေတာ့ တက္ဘလက္ရဲ႕ အတြင္းပိုင္းကို ျပသထားတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ခ်စ္ပ္ဆက္အေပၚက တံဆိပ္မပါလာတာေၾကာင့္ တုိးျမွင့္ထားသလား ဆုိတာ မသိႏုိင္ေသးဘူး။ Face ID အတြက္ Hardware မပါတာ ထူးဆန္းေပမယ့္ Fingerprint ေတာင္ မပါတာကေတာ့ ပိုလို႔ ထူးဆန္းေနပါတယ္။ ဒီပုံမွာ ဘကၳရီလိုမ်ဳိး သိသာတဲ့ အစိတ္အပုိင္းအခ်ဳိ႕လည္း မပါလာေသးဘူး။

Apple ဟာ ၂၀၁၅ ခုႏွစ္ထဲက iPad Mini ထုတ္ကုန္လုိင္းကို အသစ္အဆန္းထြင္မလာေသးဘူး။ ဒါေပမယ့္ အခု iPhone အႀကီးမွာ မ်က္ႏွာျပင္က 6.5” လက္မထိ ရွိလာမွေတာ့ iPad Mini ေရာ လုိေသးလို႔လား ေမးစရာ ျဖစ္လာပါၿပီ။ ဒီလုိဆုိရင္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက လုိတာေပါ့ လို႔ မဆုိင္းမတြေျဖၾကမွာ ျဖစ္ေသာ္လည္း အဲဒီလုိအျမင္ရွိတဲ့လူထဲမွာ တင္ကြတ္ခ္ ပါရဲ႕လား မေသခ်ာပါဘူး။

Ref – GSM Arena

[Unicode]

တရုတ်နိုင်ငံအတွင်းက ထွက်ပေါ်လာတဲ့ သတင်းတွေမှာ Apple ဟာ iPad Mini 5 ထုတ်လုပ်မှုကို စတင်နေပြီလို့ ဆိုလာပြီး အခုမြင်ရတာပဲ ဖြစ်မှာပါ။ သူ့ဒီဇိုင်းဟာ ၂၀၁၈ ခုနှစ် iPad 9.7” ဗားရှင်းနဲ့ နီးစပ်ပြီး လုံးဝန်းတဲ့ အနားတွေနဲ့ ထိပ်မှာ အင်တာနာအတွက် Window တို့ပါဝင်လာတယ်။

ဘေးဘက်တွေမှာ ပိုအရေးကြီးတာက iPad Pro အသစ်တွေဟာ လေးထောင့်ကျကျ ထုတ်လုပ်လာကြပြီး Apple Pencil ကို သူတို့ရဲ့ဘေးဘက်မှာ သံလိုက်နည်းဖြင့် ကပ်ထားနိုင်စေဖို့ဖြစ်တယ်။ မီနီဗားရှင်းမှာ Pencil မလိုပါပေမယ့်လည်း Apple ကသူတို့ရဲ့ဒီဇိုင်းကို ပုံစံတစ်ခုတည်း တည်ငြိမ်စေချင်ပုံ ရပါတယ်။

ညာဘက်အပေါ်ထောင့်မှာတော့ 3.5mm Jack ကိုတွေ့ရပြီး မနှစ်က မတ်လမှာ ထွက်ခဲ့တဲ့ iPad 9.7” မှာတော့ မပါလာခဲ့ပါဘူး။ လတ်တလော iPad Mini 5 နဲ့ပတ်သက်ပြီး Leak သတင်းတုတွေလည်း ထွက်နေတာကြောင့် အခုပုံကိုလည်း အတိအကျကြီးတော့ ယုံစားလို့ မရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အောက်ခြေမှာ USB-C Port တစ်ခုကို စပီကာနှစ်ခု ဘေးကရံထားတဲ့ ပုံစံနဲ့တွေ့ရပါတယ်။

တတိယပုံမှာတော့ တက်ဘလက်ရဲ့ အတွင်းပိုင်းကို ပြသထားတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ချစ်ပ်ဆက်အပေါ်က တံဆိပ်မပါလာတာကြောင့် တိုးမြှင့်ထားသလား ဆိုတာ မသိနိုင်သေးဘူး။ Face ID အတွက် Hardware မပါတာ ထူးဆန်းပေမယ့် Fingerprint တောင် မပါတာကတော့ ပိုလို့ ထူးဆန်းနေပါတယ်။ ဒီပုံမှာ ဘက္ထရီလိုမျိုး သိသာတဲ့ အစိတ်အပိုင်းအချို့လည်း မပါလာသေးဘူး။

Apple ဟာ ၂၀၁၅ ခုနှစ်ထဲက iPad Mini ထုတ်ကုန်လိုင်းကို အသစ်အဆန်းထွင်မလာသေးဘူး။ ဒါပေမယ့် အခု iPhone အကြီးမှာ မျက်နှာပြင်က 6.5” လက်မထိ ရှိလာမှတော့ iPad Mini ရော လိုသေးလို့လား မေးစရာ ဖြစ်လာပါပြီ။ ဒီလိုဆိုရင် ပရိသတ်တော်တော်များများက လိုတာပေါ့ လို့ မဆိုင်းမတွဖြေကြမှာ ဖြစ်သော်လည်း အဲဒီလိုအမြင်ရှိတဲ့လူထဲမှာ တင်ကွတ်ခ် ပါရဲ့လား မသေချာပါဘူး။

Ref – GSM Arena