realme ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ Codename အနေနဲ့ realme Race လို့ နာမည်ပေးထားတဲ့ Qualcomm Snapdragon 888 Chipset နဲ့ ဖုန်းအသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ realme ကနေ အဆိုပါ Snapdragon 888 နဲ့ စမတ်ဖုန်းအသစ်ကို realme Koi လို့ နာမည်ပေးထားမယ်ဆိုပြီး Weibo Account အသစ်ကနေ Teaser တွေထုတ်ပြန်နေပြီဖြစ်ပါတယ်။

အခုလည်း အဆိုပါ realme Koi စမတ်ဖုန်းလို့ ယူဆရတဲ့ဖုန်းတစ်လုံးရဲ့ နောက်ကျောဘက်ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပါပြီ။ ဓါတ်ပုံတွေအရတော့ Triple Camera Setup ကို အသုံးပြုထားပြီး ဖုန်းရဲ့ နောက်ကျောဘက်မှာလည်း “Dare To Leap” ဆိုတဲ့ စာသားကို ရေးသားထားတာကိုတွေ့ရပါတယ်။

Camera အနေနဲ့ကတော့ Primary Sensor ကို 64MP Sensor အသုံးပြုထားမှာဖြစ်ပြီး ကျန်တဲ့ Sensor တွေအနေနဲ့ကတော့ Ultrawide နဲ့ Depth Sensor ပဲဖြစ်လာနိုင်ပါတယ်။ နောက်ထပ်လည်း နောက်ကျောဘက်ကို Vegan Leather Design နဲ့ Edition ပုံစံ ထပ်မံမိတ်ဆက်လာနိုင်တယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

အဲ့ဒီအတွက် realme Koi စမတ်ဖုန်းဟာ Camera ပိုင်းမှာတော့ အထင်ကြီးစရာမရှိပေမယ့် realme ရဲ့ 125W UltraDART Fast Charging နည်းပညာကို ပထမဆုံးအသုံးပြုလာမယ့် စမတ်ဖုန်းဖြစ်လာမှာပါ။ 125W UltraDART Fast Charging စနစ်က 4000mAh Battery ကို ၅ မိနစ်အတွင် 41% နဲ့ 0-100% ကို မိနစ် ၂၀ အတွင်း အားပြန်လည်သွင်းပေးနိုင်မှာဖြစ်ပါတယ်။

လက်ရှိသိထားတဲ့သတင်းတွေအရတော့ realme Koi စမတ်ဖုန်းဟာ လာမယ့် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၅,၀၀၀ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) အောက် နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena