[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္က Google Pixel 4 ေတြကို တရားဝင္ ျဖန႔္ခ်ိလိုက္ပါတယ္။ ဒါေပမယ့္ ေဈးကြက္ထဲေရာက္ၿပီး သုံးစြဲသူေတြလက္ထဲေရာက္တာနဲ႔ Google ဟာ Pixel 4 ရဲ႕ ျပႆနာအခ်ိဳ႕ကို ေျဖရွင္းေပးဖို႔ ျဖစ္လာရပါတယ္။ အဲဒီျပႆနာကေတာ့ Eye Detection ျပႆနာပဲ ျဖစ္ပါတယ္။

Pixel 4 ေတြမွာ Fingerprint မပါဝင္ပါဘူး။ အဲဒီအစား Face Unlock ကို အဆင့္ျမႇင့္တင္ၿပီး ထည့္သြင္းလာပါတယ္။ Face Unlock မွာ Eye Detection ပါဝင္ေပမယ့္ ျပႆနာက မ်က္လုံးပိတ္ထားလည္း Unlock လုပ္လို႔ရေနတာပါပဲ။ ဒါေၾကာင့္ Apple နဲ႔ရင္ေဘာင္တန္းႏိုင္တဲ့ လုံၿခဳံေရးစနစ္လို႔ ေျပာခဲ့တဲ့ Google အတြက္ မဟာအရွက္ေတာ္ ကြဲရွခဲ့ရျပန္ပါတယ္။

ပုံမွန္အားျဖင့္ Eye Detection နဲ႔ Face Unlock ဟာ အသုံးျပဳသူရဲ႕မ်က္ႏွာျပလိုက္ခ်ိန္မွာ ဖြင့္ေပးတယ္ဆိုေပမယ့္ မ်က္လုံးပြင့္ေနခ်ိန္မွသာ အလုပ္လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။ ဒါေပမယ့္ Pixel 4 ရဲ႕ Eye Detection က အသုံးျပဳသူ မ်က္လုံးပိတ္ထားလည္း Unlock လုပ္ေပးလိုက္တာေၾကာင့္ လုံၿခဳံစိတ္ခ်ရမႈမွာ အားနည္းသြားတာေတာ့ အမွန္ပါပဲ။

အခုေတာ့ Google က ဒီအားနည္းခ်က္ကို ျပန္လည္ျပဳျပင္ေနၿပီလို႔ သတင္းေပးလိုက္ပါတယ္။ ကုမၸဏီဟာ သူတို႔ရဲ႕ Face Unlock စနစ္ကို ျဖဳတ္ခ်ၿပီး ျပန္လည္ျပင္ဆင္ေနသလို ဒါဟာ Biometric Security လိုအပ္ခ်က္ေၾကာင့္ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

လတ္တေလာမွာေတာ့ Pixel 4 သုံးစြဲသူေတြဟာ ဖုန္းလုံၿခဳံေရးအတြက္ သမား႐ိုးက်နည္းလမ္းေတြျဖစ္တဲ့ Pin/pattern ခံထားတာ၊ ဒါမွမဟုတ္ Password ခံထားတာေတြပဲ လုပ္ထားရဦးမွာ ျဖစ္ပါတယ္။ Google ဟာ ဒီျပႆနာကို ေျဖရွင္းေနၿပီလို႔ ေၾကညာလိုက္ေပမယ့္ အခ်ိန္ဘယ္ေလာက္ၾကာမယ္ဆိုတာကိုေတာ့ ထည့္သြင္းေျပာဆိုသြားျခင္း မရွိခဲ့ပါဘူး။

Ref: GSM Arena

[Unicode]

Pixel 4 ရဲ့ Eye Detection ပြဿနာကို ဖြေရှင်းနေပြီလို့ Google ပြော

ပြီးခဲ့တဲ့ တစ်ပတ်က Google Pixel 4 တွေကို တရားဝင် ဖြန့်ချိလိုက်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲရောက်ပြီး သုံးစွဲသူတွေလက်ထဲရောက်တာနဲ့ Google ဟာ Pixel 4 ရဲ့ ပြဿနာအချို့ကို ဖြေရှင်းပေးဖို့ ဖြစ်လာရပါတယ်။ အဲဒီပြဿနာကတော့ Eye Detection ပြဿနာပဲ ဖြစ်ပါတယ်။

Pixel 4 တွေမှာ Fingerprint မပါဝင်ပါဘူး။ အဲဒီအစား Face Unlock ကို အဆင့်မြှင့်တင်ပြီး ထည့်သွင်းလာပါတယ်။ Face Unlock မှာ Eye Detection ပါဝင်ပေမယ့် ပြဿနာက မျက်လုံးပိတ်ထားလည်း Unlock လုပ်လို့ရနေတာပါပဲ။ ဒါကြောင့် Apple နဲ့ ရင်ဘောင်တန်းနိုင်တဲ့ လုံခြုံရေးစနစ်လို့ ပြောခဲ့တဲ့ Google အတွက် မဟာအရှက်တော် ကွဲရှခဲ့ရပြန်ပါတယ်။

ပုံမှန်အားဖြင့် Eye Detection နဲ့ Face Unlock ဟာ အသုံးပြုသူရဲ့မျက်နှာပြလိုက်ချိန်မှာ ဖွင့်ပေးတယ်ဆိုပေမယ့် မျက်လုံးပွင့်နေချိန်မှသာ အလုပ်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် Pixel 4 ရဲ့ Eye Detection က အသုံးပြုသူ မျက်လုံးပိတ်ထားလည်း Unlock လုပ်ပေးလိုက်တာကြောင့် လုံခြုံစိတ်ချရမှုမှာ အားနည်းသွားတာတော့ အမှန်ပါပဲ။

အခုတော့ Google က ဒီအားနည်းချက်ကို ပြန်လည်ပြုပြင်နေပြီလို့ သတင်းပေးလိုက်ပါတယ်။ ကုမ္ပဏီဟာ သူတို့ရဲ့ Face Unlock စနစ်ကို ဖြုတ်ချပြီး ပြန်လည်ပြင်ဆင်နေသလို ဒါဟာ Biometric Security လိုအပ်ချက်ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ Pixel 4 သုံးစွဲသူတွေဟာ ဖုန်းလုံခြုံရေးအတွက် သမားရိုးကျနည်းလမ်းတွေဖြစ်တဲ့ Pin/pattern ခံထားတာ၊ ဒါမှမဟုတ် Password ခံထားတာတွေပဲ လုပ်ထားရဦးမှာ ဖြစ်ပါတယ်။ Google ဟာ ဒီပြဿနာကို ဖြေရှင်းနေပြီလို့ ကြေညာလိုက်ပေမယ့် အချိန်ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။

Ref: GSM Arena