Google ဟာ Pixel 6 Series ရဲ့ Design ပုံတွေအပြင် Specification အချို့ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Google ရဲ့ New York မှာရှိတဲ့ Showroom မှာလည်း တရားဝင်ပြသထားပါသေးတယ်။

အခုလည်း Google Pixel 6 Pro ရဲ့ Hands-on Video က ပေါက်ကြားလာပြီဖြစ်ပါတယ်။ အဆိုပါ Hands-on Video ကိုတော့ This Is Tech Today Channel ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Pre-production Unit လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် နောက်ဖက်က Logo က Google Logo အစား Pre-production Logo ကိုပဲ အသုံးပြုထားတုန်းဖြစ်ပါတယ်။

 

အဆိုပါ Hands-on Video မှာပါဝင်ထားတဲ့ Google Pixel 6 Pro ဟာ Black/Gray Color အရောင်ဖြစ်ပြီး အရှေ့ဘက် Curved Display အပြင် အနောက်ဖက်က Camera Bar ကိုပါ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ကိုယ်ထည်ကိုတော့ ယခင် Pixel ဖုန်းတွေလိုမျိုး Matte Texture အစား Glossy ဖြစ်တဲ့ ကိုယ်ထည်ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Software ပိုင်းနဲ့ Display ပိုင်းကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

Google Pixel 6 Series ဖုန်းတွေဟာ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Google Tensor Chip ကို အသုံးပြုထားမှာဖြစ်ပြီး Camera ပိုင်းကိုလည်း 50MP Camera Sensor နဲ့ အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့ကလည်း Pixel 6 Pro မှာ 120Hz Support အပြင် 5000mAh Battery ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Ref – 9to5Google