Google ဟာ သူတို့ရဲ့ Pixel 6 ကို မျှော်မှန်းထားတာထက် စောစီးစွာထုတ်ဖော်လာလိမ့်မယ်လို့ Weibo tipster နဲ့ Notebookcheck တို့က အခိုင်အမာ ဖော်ပြလာပါတယ်။ ကုမ္ပဏီဟာ သူတို့ရဲ့လာမဲ့ Flagship သစ်တွေအကြောင်းကို ကြိုတင်ဖော်ပြထားပြီး အဓိကအချက်အလက်အချို့ကိုလည်း အသိပေးထားပြီး ဖြစ်ပါတယ်။

Pixel 6 တွေမှာ ကင်မရာစနစ်တွေကို အဆင့်မြှင့်တင်လာမှာဖြစ်ပြီး သူတို့ရဲ့ In-house chipset ကိုလည်း အသုံးပြုလာမယ်ဆိုတဲ့အကြောင်းက အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မသိကြသေးတာကတော့ ဒီဟန်းဆက်တွေကို မိတ်ဆက်မဲ့ရက်ပါပဲ။ ဒီလအစောပိုင်းတုန်းက Google ဟာ သူ့ရဲ့ထုတ်ကုန်သစ်တွေကို ဆောင်းဦးရာသီမှာ မိတ်ဆက်မယ်လို့ ပြောခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့နှစ်က Pixel 5 နဲ့ Pixel 4a 5G တို့ကို ရပ်တန့်လိုက်ပြီလို့ အတည်ပြုသွားခဲ့ပါတယ်။ Leaker Bald Panda ကတော့ Pixel 6 ကြေညာမဲ့ရက်ဟာစက်တင်ဘာလ ၁၃ ရက်ဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ Pixel 5 တုန်းက စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာခဲ့တာကြောင့် အခုသတင်းကလည်း ဖြစ်နိုင်ခြေရှိတဲ့စာရင်းထဲ ထည့်ထားရမှာပါ။

ပြန်ကြည့်မယ်ဆိုရင် Samsung Galaxy S21 FE ရဲ့ ကြေညာရက်နဲ့ Apple iPhone 13 ရဲ့ ကြေညာရက် တိုက်ဆိုင်တာကို တွေ့နိုင်ပါတယ်။ ကောလာဟလတွေအရ Samsung ရဲ့ Budget flagship ကို စက်တင်ဘာလ ၈ ရက်မှာကြေညာပြီး Apple ရဲ့ လာမဲ့စမတ်ဖုန်း Lineup ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါတယ်။ ဒါကြောင့် Pixel 6 ရဲ့ ကြေညာရက်နဲ့ပတ်သက်ပြီး အထူးအဆန်းဖြစ်နေစရာတော့ မလိုပါဘူး။

Ref: Phone Arena