Unicode

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက Google ကနေ Pixel 4 စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တဲ့ MadeByGoogle Event မှာ Pixel Buds Earbuds အသစ်တွေကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ Google က အဆိုပါ Pixel Buds အသစ်တွေကို လာမယ့် ၂၀၂၀ အစောပိုင်းမှာ ရောင်းချသွားမယ်ဆိုပြီး အဲ့ဒီအချိန်တုန်းက ပြောကြားထားခဲ့တာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google Pixel Buds အသစ်တွေကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆရပြီးတော့ Bluetooth Certification ကို ရရှိသွားပြီလို့ သိရပါတယ်။ အဆိုပါ Pixel Buds အသစ်တွေက Model Number အနေနဲ့ G1007 , G1008 ဆိုပြီး ၂ မျိုးဖြစ်လာမယ်လို့ သိရပြီးတော့ ဘယ်လိုမျိုး ကွာခြားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Google Pixel Buds အသစ်တွေဟာ လုံးဝ True Wireless Earbuds အမျိုးအစားဖြစ်ပြီးတော့ Spatial Surround Sound နည်းပညာနဲ့ Boom Foaming Mic တွေပါဝင်မှာလည်းဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရဆိုရင် တပ်ဆင်ထားတဲ့အချိန်မှာ ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ပေါ်မှုတည်ပြီးတော့ အသံကိုပါ အလိုအလျောက်အတိုးအကျယ် ပြုလုပ်သွားမှာပါ။

Specs တွေအနေနဲ့ကတော့ Bluetooth 5.0 ကို အသုံးပြုထားပြီး Bestechnic ကနေ ပြုလုပ်ထားတာဖြစ်တဲ့အတွက် Qualcomm ရဲ့ Hardware တွေပါဝင်မှာမဟုတ်သလို Qualcomm AptX Codec ကိုလည်း Support ပြုလုပ်မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ဒီ Pixel Buds အသစ်တွေကို ဝယ်ယူနိုင်တော့မယ့်ပုံစံပါပဲ။

Ref – GSM Arena

Zawgyi

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလတုန္းက Google ကေန Pixel 4 စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့တဲ့ MadeByGoogle Event မွာ Pixel Buds Earbuds အသစ္ေတြကိုပါ မိတ္ဆက္သြားခဲ့ပါတယ္။ Google က အဆိုပါ Pixel Buds အသစ္ေတြကို လာမယ့္ ၂၀၂၀ အေစာပိုင္းမွာ ေရာင္းခ်သြားမယ္ဆိုၿပီး အဲ့ဒီအခ်ိန္တုန္းက ေျပာၾကားထားခဲ့တာလည္းျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Google Pixel Buds အသစ္ေတြကို ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ယူဆရၿပီးေတာ့ Bluetooth Certification ကို ရရွိသြားၿပီလို႔ သိရပါတယ္။ အဆိုပါ Pixel Buds အသစ္ေတြက Model Number အေနနဲ႔ G1007 , G1008 ဆိုၿပီး ၂ မ်ိဳးျဖစ္လာမယ္လို႔ သိရၿပီးေတာ့ ဘယ္လိုမ်ိဳး ကြာျခားမလဲဆိုတာကိုေတာ့ မသိရွိရေသးပါဘူး။

Google Pixel Buds အသစ္ေတြဟာ လုံးဝ True Wireless Earbuds အမ်ိဳးအစားျဖစ္ၿပီးေတာ့ Spatial Surround Sound နည္းပညာနဲ႔ Boom Foaming Mic ေတြပါဝင္မွာလည္းျဖစ္ပါတယ္။ Google ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ တပ္ဆင္ထားတဲ့အခ်ိန္မွာ ေရာက္ရွိေနတဲ့ ပတ္ဝန္းက်င္ေပၚမႈတည္ၿပီးေတာ့ အသံကိုပါ အလိုအေလ်ာက္အတိုးအက်ယ္ ျပဳလုပ္သြားမွာပါ။

Specs ေတြအေနနဲ႔ကေတာ့ Bluetooth 5.0 ကို အသုံးျပဳထားၿပီး Bestechnic ကေန ျပဳလုပ္ထားတာျဖစ္တဲ့အတြက္ Qualcomm ရဲ႕ Hardware ေတြပါဝင္မွာမဟုတ္သလို Qualcomm AptX Codec ကိုလည္း Support ျပဳလုပ္မွာမဟုတ္ပါဘူး။

ဘာပဲျဖစ္ျဖစ္ မၾကာခင္မွာ ဒီ Pixel Buds အသစ္ေတြကို ဝယ္ယူႏိုင္ေတာ့မယ့္ပုံစံပါပဲ။

Ref – GSM Arena