Google ကနေ ထုတ်လုပ်ထားတဲ့ Pixel စမတ်ဖုန်းတွေဟာ Android OS ကိုပဲ အသုံးပြုထားတာဖြစ်ပေမယ့် Pixel ဖုန်းတွေအတွက်ပဲ သီးသန့်ထုတ်ပေးထားတဲ့ Feature တွေအများအပြားပါဝင်နေတာဖြစ်ပါတယ်။ အဲ့ဒီထဲက လက်ရှိအချိန်အထိ Pixel ဖုန်းတွေမှာပဲ အသုံးပြုနိုင်တဲ့ Feature တစ်ခုကတော့ Personal Safety App ပဲဖြစ်ပါတယ်။

Personal Safety App ဟာဆိုရင် ပုံမှန်အားဖြင့် အရေးပေါ်အခြေအနေတွေအတွက် ကိုယ့်ရဲ့ သွေးအမျိုးအစား၊ နေရာ၊ Allergic နဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့သူတွေကို ဖော်ပြထားနိုင်တဲ့ App တစ်ခုဖြစ်ပြီး ကိုယ့် Location ကို အရေးပေါ်ဆက်သွယ်နိုင်တဲ့သူတွေဆီကိုလည်း Share ပေးနိုင်သလို Google ကနေတစ်ဆင့် Message ပို့ပြီး အကြောင်းကြားနိုင်မှာလည်းဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Car Accident ဖြစ်ခဲ့ပါက အရေးပေါ်ဖုန်းနံပါတ်ကို ဖုန်းခေါ်ဆိုပေးနိုင်တဲ့ Feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အခုလည်း Pixel ဖုန်းတွေဟာ အရေးပေါ်အခြေအနေတွေမှာ Video Record ရယူထားနိုင်အောင် Google ကနေ Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Feature ကိုတော့ Emergency Recording လို့နာမည်ပေးလိုက်ပြီးတော့ Pixel ဖုန်းတွေမှာ Play Service Update ပြုလုပ်လိုက်တာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Video Recording ပြုလုပ်တဲ့အချိန်မှာလည်း အချိန် ၄၅ မိနစ်အထိ ရိုက်ကူးပေးထားမှာဖြစ်ပြီး ကိုယ့်ရဲ့ Google Account ဆီမှာ Backup ပြုလုပ်ပေးထားမှာပါ။

အဆိုပါ Video ကို Backup ပြုလုပ်ပြီးတာနဲ့ ကိုယ်သတ်မှတ်ထားတဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့သူတွေဆီကို အလိုအလျောက်ပေးပို့အောင်လည်း ပြုလုပ်ထားနိုင်ပါတယ်။ တကယ်လို့ အလိုအလျောက်ပေးပို့ခြင်းမရှိဘူးဆိုရင်လည်း အဆိုပါ Video ဟာ ၇ ရက်အထိ သိမ်းဆည်းပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Feature ကို စမ်းသပ်ချင်တယ်ဆိုရင်တော့ Pixel ဖုန်းတွေမှာ Power Button ကို ၅ ကြိမ်ဆက်တိုက်နှိပ်ပြီး ဝင်ရောက်စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး လုံခြုံရေး Feature ကို ထည့်ပေးတာကတော့ Pixel ဖုန်းတွေကို ရွေးချယ်သင့်တဲ့အားသာချက်တစ်ခုဖြစ်လာမှာပါ။

Ref – The Verge