[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလတုန္းက က်င္းပခဲ့တဲ့ Android Developer Summit မွာ Google က Dark mode သုံးျခင္းေၾကာင့္ ဘက္ထရီသက္တမ္းေပၚ သက္ေရာက္မႈရွိတဲ့အေၾကာင္း ေဆြးေႏြးသြားခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ Google အေနနဲ႔ သူတို႔ရဲ႕ ဒီဇိုင္းေတြမွာ အျဖဴေရာင္ေနာက္ခံေတြကို Default အျဖစ္ ထားရွိျခင္းအစား အနက္ေရာင္ေနာက္ခံေတြအျဖစ္ ဦးစားေပးသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ၂၀၁၉ ခုႏွစ္အေစာပိုင္းက အစျပဳလို႔ Dark Theme ယဥ္ေက်းမႈဟာ ပိုမိုအားေကာင္းလာခဲ့တာကို ေတြ႕ရပါတယ္။ Google Contacts Update အသစ္မွာ Dark Theme ပါဝင္လာခဲ့သလို၊ Gmail App အတြက္လည္း Dark Mode ကို ထုတ္ေပးတာမ်ိဳး လုပ္လာခဲ့ပါတယ္။

Google Play Games မွာလည္း 5.14 ကစၿပီး Dark Theme ပါဝင္လာခဲ့တာကို ေတြ႕ရခ်ိန္မွာ Google Play Store ကေတာ့ အျဖဴေရာင္ေနာက္ခံနဲ႔ ပိုၿပီးအျမင္ရွင္းသြားတဲ့ ဒီဇိုင္းပုံစံမ်ိဳးပဲ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ Play Store လည္း Dark Theme ကို ရရွိေတာ့မွာ ျဖစ္ပါတယ္။ Play Store ရဲ႕ Dark theme ဟာ Dark grey အျဖစ္ လွလွပပေလး ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။

Google Play Store ရဲ႕ Dark Theme ကို ေဖာ္ျပခဲ့တာကေတာ့ XDA Developers ကပဲ ျဖစ္ပါတယ္။ သူတို႔ဟာ Dark Theme ကို Screen Shot ႐ိုက္ၿပီးေဖာ္ျပလာေပမယ့္ ဒါဟာ Google က တရားဝင္ ထုတ္လိုက္ေသးတာေတာ့ မဟုတ္ပါဘူး။ Google ရဲ႕ Server-side စမ္းသပ္မႈသာ ျဖစ္ပါတယ္။

ျမင္ေတြ႕ရတဲ့ ႐ုပ္ပုံေတြအရ Play Store ရဲ႕ Dark Theme ဟာ Android 10 ေမာင္းႏွင္ထားတဲ့ Pixel 2 XL မွာျဖစ္ၿပီး Play Store 16.6.25 version ျဖစ္ဖြယ္ ရွိပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကန႔္သတ္ခ်က္နဲ႔ထုတ္လႊတ္ၿပီး စမ္းသပ္ထားတဲ့ အဆင့္သာ ျဖစ္ေသးေပမယ့္ ကမာၻတစ္ဝန္းက Android အသုံးျပဳသူေတြအေနနဲ႔ အေႏွးနဲ႔အျမန္ဆိုသလို ရရွိေတာ့မယ့္ အေနအထားပဲ ျဖစ္ပါတယ္။

Ref: XDA

[Unicode]

Play Store မှာ Dark Theme ကို စမ်းသပ်နေတဲ့ Google

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ Android Developer Summit မှာ Google က Dark mode သုံးခြင်းကြောင့် ဘက်ထရီသက်တမ်းပေါ် သက်ရောက်မှုရှိတဲ့အကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Google အနေနဲ့ သူတို့ရဲ့ ဒီဇိုင်းတွေမှာ အဖြူရောင်နောက်ခံတွေကို Default အဖြစ် ထားရှိခြင်းအစား အနက်ရောင်နောက်ခံတွေအဖြစ် ဦးစားပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ၂၀၁၉ ခုနှစ်အစောပိုင်းက အစပြုလို့ Dark Theme ယဉ်ကျေးမှုဟာ ပိုမိုအားကောင်းလာခဲ့တာကို တွေ့ရပါတယ်။ Google Contacts Update အသစ်မှာ Dark Theme ပါဝင်လာခဲ့သလို၊ Gmail App အတွက်လည်း Dark Mode ကို ထုတ်ပေးတာမျိုး လုပ်လာခဲ့ပါတယ်။

Google Play Games မှာလည်း 5.14 ကစပြီး Dark Theme ပါဝင်လာခဲ့တာကို တွေ့ရချိန်မှာ Google Play Store ကတော့ အဖြူရောင်နောက်ခံနဲ့ ပိုပြီးအမြင်ရှင်းသွားတဲ့ ဒီဇိုင်းပုံစံမျိုးပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ Play Store လည်း Dark Theme ကို ရရှိတော့မှာ ဖြစ်ပါတယ်။ Play Store ရဲ့ Dark theme ဟာ Dark grey အဖြစ် လှလှပပလေး ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

Google Play Store ရဲ့ Dark Theme ကို ဖော်ပြခဲ့တာကတော့ XDA Developers ကပဲ ဖြစ်ပါတယ်။ သူတို့ဟာ Dark Theme ကို Screen Shot ရိုက်ပြီးဖော်ပြလာပေမယ့် ဒါဟာ Google က တရားဝင် ထုတ်လိုက်သေးတာတော့ မဟုတ်ပါဘူး။ Google ရဲ့ Server-side စမ်းသပ်မှုသာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ ရုပ်ပုံတွေအရ Play Store ရဲ့ Dark Theme ဟာ Android 10 မောင်းနှင်ထားတဲ့ Pixel 2 XL မှာဖြစ်ပြီး Play Store 16.6.25 version ဖြစ်ဖွယ် ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကန့်သတ်ချက်နဲ့ထုတ်လွှတ်ပြီး စမ်းသပ်ထားတဲ့ အဆင့်သာ ဖြစ်သေးပေမယ့် ကမ္ဘာတစ်ဝန်းက Android အသုံးပြုသူတွေအနေနဲ့ အနှေးနဲ့အမြန်ဆိုသလို ရရှိတော့မယ့် အနေအထားပဲ ဖြစ်ပါတယ်။

Ref: XDA