[Unicode]

PlayStation 5 ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်နေပြီဖြစ်တဲ့အတွက် ကြေညာဖို့ နီးစပ်သထက် နီးစပ်လာပြီလို့ ထင်ရပါတယ်။ Sony နောက်မျိုးဆက် ဂိမ်းစက်ရဲ့ ဒီဇိုင်းအကြောင်းကို ဆွေးနွေးပြောဆိုတာတွေ များစွာ ရှိခဲ့ပါတယ်။ အခုတော့ PS5 ရဲ့ ပထမဆုံး ဓါတ်ပုံ ထွက်ပေါ်လာပါတယ်။

SlashLeaks က PS5 ရဲ့ ဗီဒီယို ၁ ခုကို မျှဝေထားပြီး ဂိမ်းစက်ရဲ့ ဒီဇိုင်းကို မျက်ဝါးထင်ထင် မြင်ကြရပါပြီ။ ဒါဟာ နောက်ဆုံးထုတ် နမူနာမော်ဒယ်ဖြစ်နိုင်ပြီး ဈေးကွက်ထဲ ရောင်းချမယ့် မော်ဒယ်တော့ မဟုတ်လောက်သေးပါဘူး။ အရင်မျိုးဆက်တွေနဲ့ ဒီဇိုင်း ဆင်တူတဲ့အတွက် ဒါဟာ Sony ရဲ့ နောက်မျိုးဆက် ဂိမ်းစက် ဖြစ်ဖို့များပါတယ်။ ဗီဒီယိုကနေ Screenshot ရိုက်ထားတဲ့ ဓါတ်ပုံဟာ အရည်အသွေး သိပ်မကောင်းတဲ့အတွက် မှုန်ဝါးနေပါတယ်။

ဒါပေမယ့် PS5 မှာ အရင်မျိုးဆက်တွေမှာလို လေးထောင့် ဒီဇိုင်း ဖန်တီးထားတာ မြင်ရပါတယ်။ Sony က နောက်လ ၂၉ ရက်နေ့မှာ ပွဲ ၁ ခုကျင်းပဖို့ ရှိနေပေမယ့် ကြေညာမယ့် ထုတ်ကုန်ကို မသိရသေးပါဘူး။ အဲဒီပွဲမှာ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ PS5 ကို ချပြနိုင်ပါတယ်။

Sony က PS4ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး နိုဝင်ဘာလကျမှ ရောင်းပေးခဲ့ပါတယ်။ PS5 ကိုလည်း ဒီအချိန်အတိုင်း ရောင်းချပေးနိုင်ပါတယ်။ PS5 ဟာ ဒီနှစ် နှောင်းပိုင်းမှာ ရောင်းချမယ့် Micorosft ရဲ့ Xbox Series X ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Xbox Series X ရဲ့ သတင်းအချက်အလက်တွေလည်း ပေါက်ကြားထွက်ပေါ်နေပေမယ့် ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Edited : PS5 Video ဟာ CGI နဲ့ ပြုလုပ်ထားတဲ့ Fake ဗီဒီယို ဖြစ်တယ်လို့ သိရပါတယ်

Ref : gizchina

[Zawgyi]

PlayStation 5 ရဲ႕ ပထမဆုံး ဓါတ္ပုံ ထြက္ေပၚလာ

PlayStation 5 ရဲ႕ သတင္းအခ်က္အလက္ေတြ ထြက္ေပၚေနၿပီျဖစ္တဲ့အတြက္ ေၾကညာဖို႔ နီးစပ္သထက္ နီးစပ္လာၿပီလို႔ ထင္ရပါတယ္။ Sony ေနာက္မ်ိဳးဆက္ ဂိမ္းစက္ရဲ႕ ဒီဇိုင္းအေၾကာင္းကို ေဆြးေႏြးေျပာဆိုတာေတြ မ်ားစြာ ရွိခဲ့ပါတယ္။ အခုေတာ့ PS5 ရဲ႕ ပထမဆုံး ဓါတ္ပုံ ထြက္ေပၚလာပါတယ္။

SlashLeaks က PS5 ရဲ႕ ဗီဒီယို ၁ ခုကို မွ်ေဝထားၿပီး ဂိမ္းစက္ရဲ႕ ဒီဇိုင္းကို မ်က္ဝါးထင္ထင္ ျမင္ၾကရပါၿပီ။ ဒါဟာ ေနာက္ဆုံးထုတ္ နမူနာေမာ္ဒယ္ျဖစ္ႏိုင္ၿပီး ေဈးကြက္ထဲ ေရာင္းခ်မယ့္ ေမာ္ဒယ္ေတာ့ မဟုတ္ေလာက္ေသးပါဘူး။ အရင္မ်ိဳးဆက္ေတြနဲ႔ ဒီဇိုင္း ဆင္တူတဲ့အတြက္ ဒါဟာ Sony ရဲ႕ ေနာက္မ်ိဳးဆက္ ဂိမ္းစက္ ျဖစ္ဖို႔မ်ားပါတယ္။ ဗီဒီယိုကေန Screenshot ႐ိုက္ထားတဲ့ ဓါတ္ပုံဟာ အရည္အေသြး သိပ္မေကာင္းတဲ့အတြက္ မႈန္ဝါးေနပါတယ္။

ဒါေပမယ့္ PS5 မွာ အရင္မ်ိဳးဆက္ေတြမွာလို ေလးေထာင့္ ဒီဇိုင္း ဖန္တီးထားတာ ျမင္ရပါတယ္။ Sony က ေနာက္လ ၂၉ ရက္ေန႔မွာ ပြဲ ၁ ခုက်င္းပဖို႔ ရွိေနေပမယ့္ ေၾကညာမယ့္ ထုတ္ကုန္ကို မသိရေသးပါဘူး။ အဲဒီပြဲမွာ တစ္ကမာၻလုံးက စိတ္ဝင္တစား ေစာင့္ေမွ်ာ္ေနၾကတဲ့ PS5 ကို ခ်ျပႏိုင္ပါတယ္။

Sony က PS4ကို ၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ေၾကညာခဲ့ၿပီး ႏိုဝင္ဘာလက်မွ ေရာင္းေပးခဲ့ပါတယ္။ PS5 ကိုလည္း ဒီအခ်ိန္အတိုင္း ေရာင္းခ်ေပးႏိုင္ပါတယ္။ PS5 ဟာ ဒီႏွစ္ ေႏွာင္းပိုင္းမွာ ေရာင္းခ်မယ့္ Micorosft ရဲ႕ Xbox Series X ကို ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ Xbox Series X ရဲ႕ သတင္းအခ်က္အလက္ေတြလည္း ေပါက္ၾကားထြက္ေပၚေနေပမယ့္ ေၾကညာမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Edited : PS5 Video ဟာ CGI နဲ႔ ျပဳလုပ္ထားတဲ့ Fake ဗီဒီယို ျဖစ္တယ္လို႔ သိရပါတယ္

Ref : gizchina