POCO C3 ကို လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာ အိန္ဒိယဈေးကွက်ထဲ စတင်မိတ်ဆက် ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကိုရောင်းချဖို့အတွက် Flipkart လက်လီအရောင်းဆိုင်ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာလည်း အဆင်သင့်လွှင့်တင်ထားပါပြီ။

POCO C3 ဟာ 13MP အဓိကကင်မရာအပါအဝင် ကျောဘက်ကင်မရာသုံးလုံးတပ်ဆင်ထားကြောင်းကို ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Teaser သစ်အရ POCO C3 ကင်မရာတပ်ဆင်ပုံဟာ ကျောဘက်ကိုယ်ထည်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ စတုရန်းပုံစံ အိမ်နဲ့အတူ နေရာချတပ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

Teaser မှာတော့ POCO C3 ကို ကင်မရာပိုင်းမှာ စိတ်ကျေနပ်အောင် ပြင်ဆင်ထားကြောင်း Message ပေးထားပါတယ်။ 13MP အဓိကကင်မရာဟာ Outdoor ရိုက်ကူးခြင်းအတွက် အထူးပြုထားပြီး၊ Portrait ရိုက်ကူးခြင်းကို နှစ်သက်သူတွေအတွက် Depth Sensor လည်း ထည့်သွင်းပေးထားကြောင်း၊ Micro photography အတွက် Micro camera လည်း ပါရှိကြောင်း ပြသထားပါတယ်။

လက်ရှိအချိန်မှာတော့ POCO C3 ရဲ့ အတွင်းအစိတ်အပိုင်းတွေအကြောင်းကို မသိရသေးပေမယ့် ပေါက်ကြားမှုကတစ်ဆင့် POCO C3 ဟာ 4GB of RAM နဲ့ 64GB storage ရှိပြီး အမြင့်ဆုံးတန်ဖိုးက $150 (၁ သိန်း ၉ သောင်းခွဲဝန်းကျင်) ရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် POCO C3 ဟာ Redmi 9C ကို နာမည်ပြောင်းပြီး ပြန်ထုတ်ထားတာလို့လည်း ဆိုပါတယ်။

အကယ်၍ ဒီသတင်းသာအမှန်ဖြစ်မယ်ဆိုရင် Redmi 9C လိုပဲ 6.53-inch IPS LCD panel, Helio G35 chipset နဲ့ 5,000mAh ဘက်ထရီတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာတွေကတော့ 13MP + 2MP (depth) + 2MP (macro) တို့ဖြစ်သလို Selfie ကင်မရာကလည်း 5MP ဖြစ်ပါလိမ့်မယ်။ Fingerprint sensor ကိုလည်း ကျောဘက်ကိုယ်ထည်မှာ တပ်ဆင်ထားပါလိမ့်မယ်။

Ref: Gizmochina