Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Poco ဟာ India စျေးကွက်အတွက် Poco C3 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Poco C3 နဲ့ ပတ်သက်ပြီး မမိတ်ဆက်ခင်တုန်းကလည်း Teaser တွေအများအပြားထွက်ပေါ်ခဲ့သလို မိတ်ဆက်လိုက်တဲ့အချိန်မှာလည်း လက်ရှိ Poco ကနေ ထုတ်ထားတဲ့ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်လာပါတယ်။

Poco C3 ရဲ့ နာမည်ကိုတော့ C ကို Camera အနေနဲ့ ယူထားတာဖြစ်ပြီး 3 ကတော့ Triple Camera Sensor ပါဝင်တာကို ဆိုလိုတယ်လို့ သိရပါတယ်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ Poco C3 ဟာ Xiaomi Redmi 9C နဲ့ အတော်များများဆင်တူတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် Poco C3 ရဲ့ ကျောဖက် Design ကို Two-tone ပြုလုပ်ထားသလို Fingerprint Sensor လည်း ပါဝင်မှာမဟုတ်ပါဘူး။

Display အနေနဲ့ကတော့ 6.53″ HD+ 20:9 Aspect Ratio LCD Display ကို အသုံးပြုထားပါတယ်။ Performance ပိုင်းမှာကတော့ MediaTek Helio G35 Chipset ကို အသုံးပြုထားပြီး RAM 3GB + 32GB Storage သို့မဟုတ် RAM 4GB + 64GB Storage ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ကိုလည်း Deliciated MicroSD Card Slot ကနေ 512GB အထိ တိုးချဲ့နိုင်ဦးမှာပါ။

Camera အနေနဲ့ကတော့ 13MP Primary + 2MP Macro + 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 5MP Sensor ကို Waterdrop Notch Design ပြုလုပ်ထားပါတယ်။

Poco C3 စမတ်ဖုန်းဟာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 10W Charging Support ပြုလုပ်မယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ MIUI 12 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Poco C3 ကို အရောင်တွေအနေနဲ့ Arctic Blue ၊ Lime Green နဲ့ Matte Black ဆိုပြီး ထုတ်လုပ်ထားပြီး စျေးနှုန်းအနေနဲ့ RAM 3GB + 32GB ကို INR 7,499 (မြန်မာငွေ ၁ သိန်း ၃ သောင်းဝန်းကျင်) နဲ့ RAM 4GB + 64GB ကို INR 8,999 (မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena