Poco က အိန္ဒိယမှာ ဈေးအရမ်းချိုတဲ့ Poco X3 ကို မကြာခင်က ကြေညာခဲ့ပြီး စျေးနှုန်းက ၁၆,၉၉၉ ရူပီးပဲ ရှိတဲ့အတွက် မြန်မာငွေ ၃ သိန်းလောက်ပဲ ရှိပါတယ်။ Poco X3 က လွဲပြီး Poco X2 , Poco F2 Pro , Poco M2 Pro နဲ့ Poco M2 တို့လို စမတ်ဖုန်းတွေဟာ Redmi ဖုန်းတွေကို Brand ပြောင်း ရောင်းချထားတာပါ။ အခုလည်း Poco က နောက်ထပ်  ဖုန်း အသစ် ၁ လုံးကို အိန္ဒိယမှာ ချပြတော့မှာပါ။ Poco C3 လို့ နာမည်ပေးထားပြီး အဲဒီဖုန်းရဲ့ ဘူးခွံ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Poco C3 ဟာ ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့တဲ့ Redmi 9C ကို နာမည်ပြောင်းရောင်းတာလို့ သတင်းထွက်နေပါတယ်။

Poco C3 ဘူးခွံမှာ 4GB RAM+64GB Storage Version အတွက် ရောင်းဈေးက ၁၀,၉၉၀ လို့ ဖော်ပြထားတဲ့အတွက် ၁ သိန်း ၉ သောင်းလောက် ကျသင့်မှာပါ။ လက်ရှိ အိန္ဒိယမှာ ဈေးအချိုဆုံး Poco ဖုန်းက M2 ဖြစ်ပြီး ၁၀,၉၉၉ ရူပီးပဲ ရှိပါတယ်။ အဲဒီအတွက် Poco C3 ဟာ M2 ကို နောက်ကောက်ချပြီး ဈေးအသက်သာဆုံး Poco ဖုန်း ဘွဲ့ကို သိမ်းပိုက်သွားနိုင်ပါတယ်။

Poco C3 ဟာ Redmi 9C ရဲ့ Specs အားလုံးနဲ့ တူမယ်ဆိုရင် ၆.၅၃ လက်မ IPS LCD HD+ မျက်နှာပြင်နဲ့ အရွယ်သေး Notch ပါလာမှာပါ။ Chipset က Helio G35 ဖြစ်ပြီး 3GB or 4GB RAM နဲ့ 32GB or 64GB Storage တွေ ထည့်သွင်းထားမှာပါ။

ကင်မရာတွေ အကြောင်းပြောရရင် အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 13MP , 5MP , 2MP ကင်မရာ ၃ လုံး ပါလာမှာပါ။ 10W Charging က သာမာန်လောက်ပဲ ရှိပေမယ့် အရွယ်ကြီး 5,000mAh ဘက်ထရီတော့ တော်တော်လန်းမှာပါ။

Ref : gizmochina