စမတ်ဖုန်း နယ်ပယ်မှာ လူအများစု အာရုံစိုက်ကြတာက စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ ဖြစ်တာကြောင့် ကုမ္ပဏီတွေက စမတ်ဖုန်းတွေကို စွမ်းဆောင်ရည် ပိုကောင်းအောင်နဲ့ လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးခြင်းဖြင့် အပြိုင်အဆိုင် တီထွင်ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဒါပေမယ့် ရောင်းအား အကောင်းဆုံးတွေက စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် စမတ်ဖုန်းတွေ ဖြစ်ကြပါတယ်။ အဲဒီ စမတ်ဖုန်းတွေအကြောင်း လူတွေက သိပ်မပြောကြပေမယ့် စမတ်ဖုန်း နယ်ပယ်ကို အဓိက ဦးဆောင်နေကြတာက အဲဒီ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

The new POCO C31 is a big battery Android phone with a small price tag | Android Central

အဲဒီအထဲက တစ်လုံးက အရင်နှစ် စက်တင်ဘာလက ကြေညာခဲ့ပြီး အောက်တိုဘာလမှာ ရောင်းချခဲ့တဲ့ Poco C31 ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ စွမ်းဆောင်ရည်နိမ့် MediaTek Helio G35 Chipset မောင်းနှင်ထားတာပါ။ အခုတော့ Poco India ရဲ့ အကြီးအကဲ Himanshu Tandon က အိန္ဒိယမှာ Poco C31 အလုံးရေ ၁ သန်းကျော် ရောင်းချထားနိုင်ပြီလို့ ပြောပါတယ်။

This Is POCO's New Beast That Debuts On September 30 - Bullfrag

Poco C31 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၈,၁၉၀ ရူပီးနဲ့ ရောင်းချထားပြီး မြန်မာငွေ ၁၉၀,၀၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ၆.၅၃ လက်မ 60Hz IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး အနောက်ကင်မရာ ၃ လုံးက 13MP Main , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပြီး အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပါတယ်။

Poco C31 ရဲ့ Specs တွေက စိတ်လှုပ်ရှားစရာ မကောင်းပေမယ့် အလုံးရေ ၁ သန်းကျော်တောင်ရောင်းချထားနိုင်တာ ချီးကျူးရမှာ ဖြစ်ပါတယ်။

Ref : gsmarena