၂၀၂၂ ခုနှစ်အတွင်းမှာ Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုလို့ ပြောနိုင်တဲ့ Poco ဟာ စမတ်ဖုန်းတွေအများအပြား မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုဆိုရင်လည်း စျေးကွက်ထဲမှာ POCO F4 GT ၊ POCO X4 Pro 5G နဲ့ POCO M4 5G ဖုန်းတွေကို ရောင်းချနေပြီဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရ POCO ဟာ Entry Level စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ POCO C40 ကို မကြာခင်မှာ တရားဝင်မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။ အဆိုပါ သတင်းကို POCO က Global Twitter Account ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

POCO ရဲ့ ပြောကြားချက်အရတော့ အဆိုပါ POCO C40 ဖုန်းဟာ Xiaomi နဲ့ Redmi တို့က မိတ်ဆက်ထားပြီးတဲ့ ဖုန်းဒီဇိုင်းကို အသုံးပြုလာမှာမဟုတ်ဘဲ ကိုယ်ပိုင်ဒီဇိုင်းအသစ်ကို အသုံးပြုထားမယ်လို့သိရပါတယ်။ အရောင်တွေကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပေမယ့် POCO ရဲ့ Signature အရောင်ဖြစ်တဲ့ အဝါရောင်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

တခြားသော Teaser ပုံတွေအရ POCO C40 ဖုန်းဟာ 6000mAh Battery ပါဝင်မှာဖြစ်ပြီး Display အနေနဲ့လည်း 6.71″ Teardrop Notch Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း လက်ရှိမှာအသုံးများတဲ့ Side Mounted Fingerprint Sensor အစား နောက်ကျောဘက်မှာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။

POCO C40 ဖုန်းဟာ Xiaomi ကနေ မိတ်ဆက်ထားတဲ့ Redmi 10C ဖုန်းနဲ့ ဆင်တူမယ်လို့ ယူဆရပြီး Design ပိုင်းနဲ့ Specification အချို့ပဲ ကွာခြားနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China