POCO C40 ကို ဇွန်လ ၁၆ ရက်နေ့မှာ ကြေညာဖို့ မျှော်လင့်ထားပေမယ့် POCO ရဲ့ ဗီယက်နမ် ဌာနက အဲဒီအချိန်ထက်စောကာ မိတ်ဆက်လိုက်ပါတယ်။ POCO C40 မှာ ၆.၇၁ လက်မ IPS LCD HD+ မျက်နှာပြင် ပါလာပြီး 13MP Main ကင်မရာနဲ့ 18W Charging ထောက်ပံ့တဲ့ 6,000mAh ထည့်သွင်းထားပါတယ်။

Poco C40 goes official with JLQ Technology chipset

စိတ်ဝင်စားစရာ အကောင်းဆုံးက Chipset ဖြစ်ပါတယ်။ Qualcomm, MediaTek , Unisoc Chip အစား POCO C40 မှာ JLQ Technology ရဲ့  JR510 Chipset ကို အသုံးပြုထားပါတယ်။ JLQ Technology ဟာ ရှန်ဟိုင်း အခြေစိုက် Semiconductor ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

SoC ကို 11nm Process နဲ့ တည်ဆောက်ထားပြီး Core ၈ လုံး Structure ကို အသုံးပြုထားပါတယ်။ Core ၄ လုံးက 2.0GHz နဲ့ နောက် Core ၄ လုံးက 1.5GHz ရှိပါတယ်။ အဲဒီ Chipset ဟာ Snapdragon 450 , Helio G35 တို့နဲ့ စွမ်းဆောင်ရည် တူညီပါတယ်။

POCO C40 အတွက် အနက်၊ အဝါနဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။ ဗီယက်နမ်မှာ ၃,၄၉၀,၀၀၀ ဒေါင် သတ်မှတ်ထားပြီး ဒေါ်လာ ၁၅၀ ဝန်းကျင် ရှိပါတယ်။ မြန်မာငွေ ၂၇၀,၀၀၀ ဝန်းကျင် တန်ကြေးရှိပြီး ဇွန်လ ၁၇ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena