Zawgyi

POCO F1 ဟာ Xiaomi ရဲ႕ Super Budget Flagship ဖုန္းတစ္လံုးပါ။ Budget Flagship လို႔ေျပာရတဲ့အေၾကာင္းရင္းကေတာ့ POCO F1 ကိုသံုးၾကည့္ဖူးတဲ့သူတိုင္းသိမွာပါ။ Flagship အဆင့္ စြမ္းေဆာင္ရည္နဲ႔အတူ Flagship အဆင့္မရွိတဲ့ ပလတ္စတစ္ကိုယ္ထည္နဲ႔ ဖုန္းတစ္လံုးပါ။ Flagship ပရိုဆက္ဆာျဖစ္တဲ့ Snapdraon 845 ကို ျမန္မာေငြ ေလးသိန္းခြဲဝန္းက်င္နဲ႔ ဝယ္ယူရရွိႏိုင္တာေၾကာင့္ စစထုတ္ျပီးခ်င္း သံုးလအတြင္းမွာပဲ ကမၻာတစ္ဝွမ္းမွာ အလံုးေရ ခုနစ္သိန္း ေရာင္းခ်ခဲ့ရပါတယ္။ အားေပးတဲ့သူအေရအတြက္မ်ားတာေၾကာင့္ Software Support ကေတာ့ မျဖစ္မေနေကာင္းရေတာ့မွာပါ။ အဲ့အခ်က္ကိုေတာ့ Xiaomi က လံုးဝသေဘာေပါက္ခဲ့ျပီး သူ႔တာဝန္သူေက်ခဲ့ပါတယ္။ Oreo အေျခခံ MIUI 9 နဲ႔ပြဲထြက္လာခဲ့တဲ့ POCO F1 ကို လတိုင္းလိုလို MIUI Update ေတြနဲ႔ Bug ေတြေျဖရွင္းေပးခဲ့ျပီး Feature အသစ္ေတြထပ္မံျဖည့္ေပးေနခဲ့ပါတယ္။ အခုဆိုရင္လည္း Android Pie Update ကို MIUI 10 အသြင္နဲ႔ ထပ္မံယူေဆာင္လာပါျပီ။

POCO F1 အတြက္ အခုထြက္ရွိလာတဲ့ Android Pie အေျခခံ Update ဟာ MIUI 10.1.3.0 အေနနဲ႔ထြက္ရွိလာတာျဖစ္ျပီး Build Number ကေတာ့ PEJMIFI ပါ။ OTA Update Size က 1.7GB ရွိျပီး OTA ပဲျဖစ္ျဖစ္ Full ROM ပဲျဖစ္ျဖစ္ Update အရြယ္အစားကေတာ့ သိပ္ကြာျခားမွာ မဟုတ္ေလာက္ပါဘူး။ Android Version အေျပာင္းအလဲျဖစ္သြားတာေၾကာင့္ Update တင္ျပီးရင္ Data ေတြကိုေတာ့ Wipe လုပ္သင့္ပါတယ္။ မျဖစ္မေန လုပ္ရမွာေတာ့ မဟုတ္ေပမယ့္ Data/Cache Wipe လုပ္ျခင္းအားျဖင့္ ဘက္ထရီ အားကုန္တဲ့ ျပႆနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။

ဒီ Android Pie Update ဟာ POCO F1 အသံုးျပဳသူတိုင္းဆီကိုေတာ့ ေရာက္ရွိမွာ မဟုတ္ေသးပါဘူး။ ေနရာေဒသ အလိုက္ Update ရရွိတဲ့ အခ်ိန္ကြာျခားႏုိင္တာေၾကာင့္ ကိုယ့္ ဖုန္းအတြက္ Update ေရာက္ရွိလာဖို႔ကိုေတာ့ စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကည့္ဖို႔ လိုပါလိမ့္မယ္။ ေစာင့္ရတာ စိတ္မရွည္ဘူးဆိုရင္လည္း ေအာက္က Link ကေနျပီး Update ကိုေဒါင္းလုတ္ဆြဲကာ MIUI Updater ကေနတစ္ဆင့္ Choose Update Package ကိုေရြးကာ Update ျပဳလုပ္ႏိုင္ပါတယ္။

>>>Update Zip ရယူရန္<<<

Ref: XDA

Unicode

POCO F1 ဟာ Xiaomi ရဲ့ Super Budget Flagship ဖုန်းတစ်လုံးပါ။ Budget Flagship လို့ပြောရတဲ့အကြောင်းရင်းကတော့ POCO F1 ကိုသုံးကြည့်ဖူးတဲ့သူတိုင်းသိမှာပါ။ Flagship အဆင့် စွမ်းဆောင်ရည်နဲ့အတူ Flagship အဆင့်မရှိတဲ့ ပလတ်စတစ်ကိုယ်ထည်နဲ့ ဖုန်းတစ်လုံးပါ။ Flagship ပရိုဆက်ဆာဖြစ်တဲ့ Snapdraon 845 ကို မြန်မာငွေ လေးသိန်းခွဲဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်တာကြောင့် စစထုတ်ပြီးချင်း သုံးလအတွင်းမှာပဲ ကမ္ဘာတစ်ဝှမ်းမှာ အလုံးရေ ခုနစ်သိန်း ရောင်းချခဲ့ရပါတယ်။ အားပေးတဲ့သူအရေအတွက်များတာကြောင့် Software Support ကတော့ မဖြစ်မနေကောင်းရတော့မှာပါ။ အဲ့အချက်ကိုတော့ Xiaomi က လုံးဝသဘောပေါက်ခဲ့ပြီး သူ့တာဝန်သူကျေခဲ့ပါတယ်။ Oreo အခြေခံ MIUI 9 နဲ့ပွဲထွက်လာခဲ့တဲ့ POCO F1 ကို လတိုင်းလိုလို MIUI Update တွေနဲ့ Bug တွေဖြေရှင်းပေးခဲ့ပြီး Feature အသစ်တွေထပ်မံဖြည့်ပေးနေခဲ့ပါတယ်။ အခုဆိုရင်လည်း Android Pie Update ကို MIUI 10 အသွင်နဲ့ ထပ်မံယူဆောင်လာပါပြီ။

POCO F1 အတွက် အခုထွက်ရှိလာတဲ့ Android Pie အခြေခံ Update ဟာ MIUI 10.1.3.0 အနေနဲ့ထွက်ရှိလာတာဖြစ်ပြီး Build Number ကတော့ PEJMIFI ပါ။ OTA Update Size က 1.7GB ရှိပြီး OTA ပဲဖြစ်ဖြစ် Full ROM ပဲဖြစ်ဖြစ် Update အရွယ်အစားကတော့ သိပ်ကွာခြားမှာ မဟုတ်လောက်ပါဘူး။ Android Version အပြောင်းအလဲဖြစ်သွားတာကြောင့် Update တင်ပြီးရင် Data တွေကိုတော့ Wipe လုပ်သင့်ပါတယ်။ မဖြစ်မနေ လုပ်ရမှာတော့ မဟုတ်ပေမယ့် Data/Cache Wipe လုပ်ခြင်းအားဖြင့် ဘက်ထရီ အားကုန်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

ဒီ Android Pie Update ဟာ POCO F1 အသုံးပြုသူတိုင်းဆီကိုတော့ ရောက်ရှိမှာ မဟုတ်သေးပါဘူး။ နေရာဒေသ အလိုက် Update ရရှိတဲ့ အချိန်ကွာခြားနိုင်တာကြောင့် ကိုယ့် ဖုန်းအတွက် Update ရောက်ရှိလာဖို့ကိုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ စောင့်ရတာ စိတ်မရှည်ဘူးဆိုရင်လည်း အောက်က Link ကနေပြီး Update ကိုဒေါင်းလုတ်ဆွဲကာ MIUI Updater ကနေတစ်ဆင့် Choose Update Package ကိုရွေးကာ Update ပြုလုပ်နိုင်ပါတယ်။

>>>Update Zip ရယူရန္<<<

Ref: XDA