Zawgyi

Xiaomi ရဲ႕ Poco F1 ဟာ Flagship အဆင့္ ပရိုဆက္ဆာနဲ႕ အတူ တန္ဖိုးသင့္ ပလတ္စတစ္ဖုန္းကိုယ္ထည္ကို အသုံးျပဳထားတဲ့ဖုန္းတစ္လုံးပါ။ Flagship အဆင့္ စြမ္းေဆာင္ရည္ကို Mid-range ဖုန္းတစ္လုံးရဲ႕ တန္ဖိုးေလာက္နဲ႕ ဝယ္ယူလို႔ရတာေၾကာင့္ စမတ္ဖုန္း အသုံးျပဳသူေတြၾကား ေတာ္ေတာ္ေလးနာမည္ႀကီးခဲ့ပါတယ္။ ဖုန္းတစ္လုံးလုံးမွာ ေလွ်ာ့ထားတဲ့ အခ်က္က ဖုန္းကိုယ္ထည္နဲ႕ Display ပါပဲ။ AMOLED မဟုတ္ဘဲ LCD Display ကိုသာ သုံးထားပါတယ္။ ဖုန္းကိုယ္ထည္ကိုေတာ့ ပိုလီကာဘြန္နိတ္လို႔ေခၚတဲ့ အၾကမ္းခံ ပလတ္စတစ္တစ္မ်ိဳး ကို အသုံးျပဳထားတာပါ။ အဲ့အခ်က္ေတြကလြဲရင္ က်န္တဲ့ အစိတ္အပိုင္းေတြအကုန္လုံးက Flagship တန္းဝင္ပါတယ္။ Poco F1 မွာ Snapdragon 845 ကလြဲရင္ နာမည္အႀကီးဆုံး အခ်က္ကေတာ့ ကင္မရာ အရည္အေသြးပါပဲ။

Poco F1 ရဲ႕ ကင္မရာဟာ တစ္ျခား Mid-range ေတြၾကားမွာ ေတာ္ေတာ္ေလးအရည္အေသြးေကာင္းတယ္လို႔ေျပာၾကၿပီး တန္ဖိုးသင့္ ကင္မရာဖုန္းေကာင္း တစ္လုံးဝယ္ခ်င္တဲ့သူေတြ ေ႐ြးခ်ယ္ခဲ့ၾကတဲ့ ဖုန္းတစ္လုံးပါပဲ။ အခုေတာ့ Poco F1 ရဲ႕ ကင္မရာ အရည္အေသြးကို DXO Mark ဝဘ္ဆိုက္က သတ္မွတ္ေပးလိုက္ပါၿပီ။ DXO ရမွတ္ 91 ရတဲ့ Poco F1 ဟာ iPhone 8 ရဲ႕ ကင္မရာ ရမွတ္နဲ႕ သြားတူေနပါတယ္။ DXO Mark 91 ဆိုတာ တန္ဖိုးသင့္ ဖုန္းတစ္လုံးအတြက္ေတာ့ အထင္ႀကီးစရာ ရမွတ္ပါပဲ။

Poco F1 ဟာ DXO Mark ရဲ႕ ကင္မရာ စမ္းသပ္မႈအမ်ိဳးအမ်ိဳးမွာ အေျခအေနေကာင္းခဲ့ပါတယ္။ ဓာတ္ပုံ ရမွတ္ 92 Point ရထားတဲ့ Poco F1 ဟာ ပုံရိပ္ေတြကို အလင္း၊အေမွာင္မွန္မွန္ နဲ႕ အေရာင္ထြက္မွန္မွန္ ရိုက္ကူးနိုင္ခဲ့ပါတယ္။ Portrait နဲ႕ Bokeh ပုံေတြမွာေတာ့ အနည္းငယ္အားနည္းတာကို ေတြ႕ရပါတယ္။ ဗီဒီယို ရိုက္တဲ့ေနရာမွာလည္း ျမင္ကြင္းတည္ၿငိမ္ၿပီး ၾကည္လင္တဲ့ ပုံရိပ္ေတြဖမ္းယူနိုင္ပါတယ္။ ဒါေပမယ့္ အလင္းအားနည္းတဲ့ေနရာမွာေတာ့ Poco F1 က ဗီဒီယို စြမ္းေဆာင္ရည္ အားနည္းေနတာ ေတြ႕ရပါတယ္။ Poco F1 နဲ႕ရိုက္ထားတဲ့ Sample ပုံေတြကို ေအာက္မွာ ျပထားပါတယ္။



Poco F1 ဟာ DXO Mark မွာ ေအာ္ရီဂ်င္နယ္ Google Pixel နဲ႕ Galaxy Note 8 တို႔ကို ေက်ာ္တက္သြားတာ ေတြ႕ရပါတယ္။ Poco F1 ရဲ႕ ကင္မရာ အရည္အေသြး အရမ္းေကာင္းေနရတဲ့ အခ်က္ကေတာ့ Xiaomi ရဲ႕ Software Optimization အရမ္းေကာင္းသြားလို႔ပါပဲ။ Build Quality နဲ႕ AMOLED Display မသုံးထားတဲ့ အခ်က္ေတြကလြဲရင္ Snapdragon 845, 4,000mAh ဘက္ထရီ, အေအးေပးစနစ္ေတြနဲ႕ အရည္အေသြးေကာင္းတဲ့ ကင္မရာေတြ တပ္ဆင္ေပးထားတဲ့ Poco F1 ဟာ အခုခ်ိန္ထိ ဝယ္ဖို႔သင့္ေတာ္တဲ့ ဖုန္းေတြထဲမွာ ထိပ္ဆုံးက ရွိေနပါေသးတယ္။

Ref: Gizmo China, DXO Mark

Unicode

Poco F1 ရဲ့ DXO Mark ထွက်ပေါ်လာပြီး iPhone 8 နဲ့ ရမှတ်ချင်းတူညီနေ

Xiaomi ရဲ့ Poco F1 ဟာ Flagship အဆင့် ပရိုဆက်ဆာနဲ့ အတူ တန်ဖိုးသင့် ပလတ်စတစ်ဖုန်းကိုယ်ထည်ကို အသုံးပြုထားတဲ့ဖုန်းတစ်လုံးပါ။ Flagship အဆင့် စွမ်းဆောင်ရည်ကို Mid-range ဖုန်းတစ်လုံးရဲ့ တန်ဖိုးလောက်နဲ့ ဝယ်ယူလို့ရတာကြောင့် စမတ်ဖုန်း အသုံးပြုသူတွေကြား တော်တော်လေးနာမည်ကြီးခဲ့ပါတယ်။ ဖုန်းတစ်လုံးလုံးမှာ လျှော့ထားတဲ့ အချက်က ဖုန်းကိုယ်ထည်နဲ့ Display ပါပဲ။ AMOLED မဟုတ်ဘဲ LCD Display ကိုသာ သုံးထားပါတယ်။ ဖုန်းကိုယ်ထည်ကိုတော့ ပိုလီကာဘွန်နိတ်လို့ခေါ်တဲ့ အကြမ်းခံ ပလတ်စတစ်တစ်မျိုး ကို အသုံးပြုထားတာပါ။ အဲ့အချက်တွေကလွဲရင် ကျန်တဲ့ အစိတ်အပိုင်းတွေအကုန်လုံးက Flagship တန်းဝင်ပါတယ်။ Poco F1 မှာ Snapdragon 845 ကလွဲရင် နာမည်အကြီးဆုံး အချက်ကတော့ ကင်မရာ အရည်အသွေးပါပဲ။

Poco F1 ရဲ့ ကင်မရာဟာ တစ်ခြား Mid-range တွေကြားမှာ တော်တော်လေးအရည်အသွေးကောင်းတယ်လို့ပြောကြပြီး တန်ဖိုးသင့် ကင်မရာဖုန်းကောင်း တစ်လုံးဝယ်ချင်တဲ့သူတွေ ရွေးချယ်ခဲ့ကြတဲ့ ဖုန်းတစ်လုံးပါပဲ။ အခုတော့ Poco F1 ရဲ့ ကင်မရာ အရည်အသွေးကို DXO Mark ဝဘ်ဆိုက်က သတ်မှတ်ပေးလိုက်ပါပြီ။ DXO ရမှတ် 91 ရတဲ့ Poco F1 ဟာ iPhone 8 ရဲ့ ကင်မရာ ရမှတ်နဲ့ သွားတူနေပါတယ်။ DXO Mark 91 ဆိုတာ တန်ဖိုးသင့် ဖုန်းတစ်လုံးအတွက်တော့ အထင်ကြီးစရာ ရမှတ်ပါပဲ။

Poco F1 ဟာ DXO Mark ရဲ့ ကင်မရာ စမ်းသပ်မှုအမျိုးအမျိုးမှာ အခြေအနေကောင်းခဲ့ပါတယ်။ ဓာတ်ပုံ ရမှတ် 92 Point ရထားတဲ့ Poco F1 ဟာ ပုံရိပ်တွေကို အလင်း၊အမှောင်မှန်မှန် နဲ့ အရောင်ထွက်မှန်မှန် ရိုက်ကူးနိုင်ခဲ့ပါတယ်။ Portrait နဲ့ Bokeh ပုံတွေမှာတော့ အနည်းငယ်အားနည်းတာကို တွေ့ရပါတယ်။ ဗီဒီယို ရိုက်တဲ့နေရာမှာလည်း မြင်ကွင်းတည်ငြိမ်ပြီး ကြည်လင်တဲ့ ပုံရိပ်တွေဖမ်းယူနိုင်ပါတယ်။ ဒါပေမယ့် အလင်းအားနည်းတဲ့နေရာမှာတော့ Poco F1 က ဗီဒီယို စွမ်းဆောင်ရည် အားနည်းနေတာ တွေ့ရပါတယ်။ Poco F1 နဲ့ရိုက်ထားတဲ့ Sample ပုံတွေကို အောက်မှာ ပြထားပါတယ်။



Poco F1 ဟာ DXO Mark မှာ အော်ရီဂျင်နယ် Google Pixel နဲ့ Galaxy Note 8 တို့ကို ကျော်တက်သွားတာ တွေ့ရပါတယ်။ Poco F1 ရဲ့ ကင်မရာ အရည်အသွေး အရမ်းကောင်းနေရတဲ့ အချက်ကတော့ Xiaomi ရဲ့ Software Optimization အရမ်းကောင်းသွားလို့ပါပဲ။ Build Quality နဲ့ AMOLED Display မသုံးထားတဲ့ အချက်တွေကလွဲရင် Snapdragon 845, 4,000mAh ဘက်ထရီ, အအေးပေးစနစ်တွေနဲ့ အရည်အသွေးကောင်းတဲ့ ကင်မရာတွေ တပ်ဆင်ပေးထားတဲ့ Poco F1 ဟာ အခုချိန်ထိ ဝယ်ဖို့သင့်တော်တဲ့ ဖုန်းတွေထဲမှာ ထိပ်ဆုံးက ရှိနေပါသေးတယ်။

Ref: Gizmo China, DXO Mark