[Zawgyi]

မႏွစ္က ၾသဂုတ္လမွာ Pocophone F1 ကို Xiaomi ကုမၸဏီက မိတ္ဆက္ခဲ့ၿပီး Snapdragon 845 ကို အသုံးျပဳထားတဲ့ဖုန္းေတြအနက္ ေစ်းအခ်ဳိသာဆုံးအျဖစ္ အိႏၵိယေစ်းကြက္အပါအဝင္ ေစ်းကြက္အမ်ားစုမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားခဲ့ရပါတယ္။ ယခုအခါ အိႏၵိယေစ်းကြက္မွာ Poco F1 လို႔ေခၚတြင္တဲ့ စမတ္ဖုန္းကို ထပ္ၿပီးေတာ့ ေစ်းခ်ဳိသာေအာင္ ေျပာင္းလဲထုတ္လုပ္လာဦးမယ့္ အရိပ္အေယာင္ေတြ ျမင္လာရပါၿပီ။

Poco F1 Lite စမတ္ဖုန္းအသစ္ဟာ Geekbench ေပၚကို Snapdragon 660 ခ်စ္ပ္ဆက္၊ 4 GB RAM မန္မုိရီတုိ႔နဲ႔အတူ ရုတ္တရက္ထြက္ေပၚလာခဲ့ပါတယ္။ သူ႕မွာ Android Pie ကိုသုံးစြဲထားတာ ေတြ႕ရၿပီး Single-core တုိင္းတာမႈမွာ ရလဒ္ 1,341 နဲ႔ Multi-core မွာေတာ့ 4,830 အသီးသီးရရွိခဲ့ပါတယ္။ ဒါေပမယ့္ Geekbench ကေဖာ္ျပတဲ့အခ်က္အလက္ေတြထဲမွာေတာ့ Display နဲ႔ Storage တုိ႔လို အခ်က္အလက္ေတြ ပါမလာေသးပါဘူး။

ယခင္ကလည္း ဒီ Hardware အတုိင္းပဲ တပ္ဆင္ထားတဲ့ “Uranus” အမည္နဲ႔ Xiaomi စမတ္ဖုန္းတစ္လုံး Geekbench ေပၚေရာက္ခဲ့ေသးေပမယ့္ ရမွတ္က အခုထက္ အနည္းငယ္နိမ့္ခဲ့ပါတယ္။ လက္ရွိမွာ ေသခ်ာမသိရေသးေပမယ့္ Xiaomi “Uranus” ဖုန္းဟာ Poco F1 ဖုန္းအတြက္ အေစာပုိင္း လွ်ဳိ႕ဝွက္နာမည္ ျဖစ္ႏုိင္တယ္လို႔ ယူဆရမွာပါ။

လာမယ့္အပတ္ေတြမွာ Poco F1 Lite နဲ႔ပတ္သက္ၿပီး Display နဲ႔ ေစ်းႏႈန္း အပါအဝင္ သတင္းေတြ ပိုၾကားလာရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref – GSM Arena

[Unicode]

မနှစ်က သြဂုတ်လမှာ Pocophone F1 ကို Xiaomi ကုမ္ပဏီက မိတ်ဆက်ခဲ့ပြီး Snapdragon 845 ကို အသုံးပြုထားတဲ့ဖုန်းတွေအနက် ဈေးအချိုသာဆုံးအဖြစ် အိန္ဒိယဈေးကွက်အပါအဝင် ဈေးကွက်အများစုမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရပါတယ်။ ယခုအခါ အိန္ဒိယဈေးကွက်မှာ Poco F1 လို့ခေါ်တွင်တဲ့ စမတ်ဖုန်းကို ထပ်ပြီးတော့ ဈေးချိုသာအောင် ပြောင်းလဲထုတ်လုပ်လာဦးမယ့် အရိပ်အယောင်တွေ မြင်လာရပါပြီ။

Poco F1 Lite စမတ်ဖုန်းအသစ်ဟာ Geekbench ပေါ်ကို Snapdragon 660 ချစ်ပ်ဆက်၊ 4 GB RAM မန်မိုရီတို့နဲ့အတူ ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ သူ့မှာ Android Pie ကိုသုံးစွဲထားတာ တွေ့ရပြီး Single-core တိုင်းတာမှုမှာ ရလဒ် 1,341 နဲ့ Multi-core မှာတော့ 4,830 အသီးသီးရရှိခဲ့ပါတယ်။ ဒါပေမယ့် Geekbench ကဖော်ပြတဲ့အချက်အလက်တွေထဲမှာတော့ Display နဲ့ Storage တို့လို အချက်အလက်တွေ ပါမလာသေးပါဘူး။

ယခင်ကလည်း ဒီ Hardware အတိုင်းပဲ တပ်ဆင်ထားတဲ့ “Uranus” အမည်နဲ့ Xiaomi စမတ်ဖုန်းတစ်လုံး Geekbench ပေါ်ရောက်ခဲ့သေးပေမယ့် ရမှတ်က အခုထက် အနည်းငယ်နိမ့်ခဲ့ပါတယ်။ လက်ရှိမှာ သေချာမသိရသေးပေမယ့် Xiaomi “Uranus” ဖုန်းဟာ Poco F1 ဖုန်းအတွက် အစောပိုင်း လျှို့ဝှက်နာမည် ဖြစ်နိုင်တယ်လို့ ယူဆရမှာပါ။

လာမယ့်အပတ်တွေမှာ Poco F1 Lite နဲ့ပတ်သက်ပြီး Display နဲ့ ဈေးနှုန်း အပါအဝင် သတင်းတွေ ပိုကြားလာရမယ်လို့ မျှော်လင့်ပါတယ်။

Ref – GSM Arena