[Zawgyi]

Poco F1 ဟာ စြမ္းရည္ျမင့္ၿပီး တန္ဖိုးသင့္တဲ့ ဖုန္းအျဖစ္ နာမည္ႀကီးပါတယ္။ သူ႔ကို စတင္ ေရာင္းခ်ကတည္းက ျပႆနာတစ္ခု ရွိေနပါတယ္။ အဲဒါက ထိေတြ႕မ်က္ႏွာျပင္ ျပႆနာပါ။ အခုေတာ့ ေရွာင္မီက အဲဒီျပႆနာအား Software Update အစား အျခား နည္းလမ္းတစ္ခုနဲ႔ ေျဖရွင္းေပးေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီက အဲဒီ ျပႆနာ ရွိတဲ့ ဖုန္းပိုင္ရွင္မ်ားအား ဖုန္းကို ကုမၸဏီထံသို႔ အပ္ႏွံဖို႔ ေတာင္းဆိုလိုက္ပါတယ္။ ကုမၸဏီက စမ္းသပ္စစ္ေဆးၿပီး ျပင္ဆင္ေပးမွာ ျဖစ္ပါတယ္။

Pocophone ရဲ႕ ကမာၻလံုးဆိုင္ရာ အႀကီးအကဲ Alvin Tse က MIUI V10.3.5.0 ကို တင္ၿပီးေနာက္ ထိေတြ႕မ်က္ႏွာျပင္ ျပႆနာမ်ား ၾကံဳေတြ႕ေနရတဲ့ Users မ်ားရဲ႕ Poco F1 Phone မ်ားကို စမ္းသပ္ဖို႔ ရွာေဖြေနပါတယ္လို႔ တြစ္တာမွာ ေရးသားထားပါတယ္။ Poco F1 User မ်ားဟာ  စကရင္ဟာ ရပ္ေနျခင္း၊ ပိုင္ရွင္က ထိေတြ႕ျခင္း မရွိဘဲ အလိုလို ထိေတြ႕မႈမ်ား ျဖစ္ေနျခင္း၊ ထိေတြ႕တဲ့အခါမွာ အလုပ္မလုပ္ျခင္းမ်ားနဲ႔ ပတ္သက္ၿပီး တင္ျပထားတာၾကာေနပါၿပီ။ ကုမၸဏီက ဇန္န၀ါရီလမွာ အဲဒီ ျပႆနာကို ေျဖရွင္းေပးမယ္လို႔ ကတိေပးခဲ့ပါတယ္။ သူနဲ႔အတူ ဘက္ထရီ အကုန္ျမန္တဲ့ ျပႆနာကိုလည္း လာမယ့္ Update မွာ ေျဖရွင္းေပးမယ္လို႔ ေျပာခဲ့ပါတယ္။

MIUI V10.3.5.0 Update ဟာ အထက္ပါ ျပႆနာကို မေျဖရွင္းႏိုင္ဘူးလို႔ ထင္ရပါတယ္။ အဲဒီအတြက္ ကုမၸဏီက ဖုန္းမ်ားကို ျပန္လည္ သိမ္းယူၿပီး ေျဖရွင္းေပးမွာ ျဖစ္ပါတယ္။ ေရွာင္မီက Poco F1  အားလံုးကို လက္ခံမွာ မဟုတ္ပါဘူး။ စမ္းသပ္ဖို႔ သင့္ေတာ္တဲ့ အလံုးမ်ားကိုသာ လက္ခံမွာ ျဖစ္ပါတယ္။ သင့္ဖုန္းကို လက္ခံရင္ ကုမၸဏီက အေၾကာင္းၾကားမွာ ျဖစ္ပါတယ္။ ျပႆနာ ျဖစ္ပြားတဲ့ အလံုးမ်ားကို အသစ္မ်ားနဲ႔ လဲေပးမယ္လို႔ေတာ့ ကုမၸဏီက မေျပာထားပါဘူး။

Ref : https://gadgets.ndtv

[Unicode]

Touchscreen ပြဿနာတက်နေတဲ့ Poco F1 Phone များကို သိမ်းယူပြီး စမ်းသပ်ပေးမယ့် Xiaomi

Poco F1 ဟာ စွမ်းရည်မြင့်ပြီး တန်ဖိုးသင့်တဲ့ ဖုန်းအဖြစ် နာမည်ကြီးပါတယ်။ သူ့ကို စတင် ရောင်းချကတည်းက ပြဿနာတစ်ခု ရှိနေပါတယ်။ အဲဒါက ထိတွေ့မျက်နှာပြင် ပြဿနာပါ။ အခုတော့ ရှောင်မီက အဲဒီပြဿနာအား Software Update အစား အခြား နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ ပြဿနာ ရှိတဲ့ ဖုန်းပိုင်ရှင်များအား ဖုန်းကို ကုမ္ပဏီထံသို့ အပ်နှံဖို့ တောင်းဆိုလိုက်ပါတယ်။ ကုမ္ပဏီက စမ်းသပ်စစ်ဆေးပြီး ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

Pocophone ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲ Alvin Tse က MIUI V10.3.5.0 ကို တင်ပြီးနောက် ထိတွေ့မျက်နှာပြင် ပြဿနာများ ကြုံတွေ့နေရတဲ့ Users များရဲ့ Poco F1 Phone များကို စမ်းသပ်ဖို့ ရှာဖွေနေပါတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။ Poco F1 User များဟာ စကရင်ဟာ ရပ်နေခြင်း၊ ပိုင်ရှင်က ထိတွေ့ခြင်း မရှိဘဲ အလိုလို ထိတွေ့မှုများ ဖြစ်နေခြင်း၊ ထိတွေ့တဲ့အခါမှာ အလုပ်မလုပ်ခြင်းများနဲ့ ပတ်သက်ပြီး တင်ပြထားတာကြာနေပါပြီ။ ကုမ္ပဏီက ဇန်နဝါရီလမှာ အဲဒီ ပြဿနာကို ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ သူနဲ့အတူ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာကိုလည်း လာမယ့် Update မှာ ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပါတယ်။

MIUI V10.3.5.0 Update ဟာ အထက်ပါ ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ထင်ရပါတယ်။ အဲဒီအတွက် ကုမ္ပဏီက ဖုန်းများကို ပြန်လည် သိမ်းယူပြီး ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ရှောင်မီက Poco F1 Unit အားလုံးကို လက်ခံမှာ မဟုတ်ပါဘူး။ စမ်းသပ်ဖို့ သင့်တော်တဲ့ အလုံးများကိုသာ လက်ခံမှာ ဖြစ်ပါတယ်။ သင့်ဖုန်းကို လက်ခံရင် ကုမ္ပဏီက အကြောင်းကြားမှာ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်ပွားတဲ့ အလုံးများကို အသစ်များနဲ့ လဲပေးမယ်လို့တော့ ကုမ္ပဏီက မပြောထားပါဘူး။

Ref : gadgets.ndtv