Xiaomi ကနေ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Mi CC9 Pro တဖြစ်လဲ Mi Note 10 စမတ်ဖုန်းဟာ ပထမဆုံးအနေနဲ့ 108MP Camera Setup ပါဝင်တဲ့စမတ်ဖုန်းလည်းဖြစ်ပါတယ်။ Xiaomi အနေနဲ့ အဆိုပါ Mi Note 10 ထက် စျေးပိုသက်သာတဲ့ Mi Note 10 Lite ဖုန်းကို မိတ်ဆက်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့် ဘယ်အချိန်မှာ မိတ်ဆက်လာမလဲဆိုတာကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါ Mi Note 10 Lite စမတ်ဖုန်းကို လာမယ့် မေလအတွင်းမှာ Europe မှာ စတင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို Xiaomi နဲ့ ပတ်သက်တဲ့သတင်းတွေကို ဖော်ပြနေကြ Xiaomishka ကနေ Twitter Account ကနေ တစ်ဆင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။

Mi Note 10 Lite စမတ်ဖုန်းဟာ Mi Note 10 နဲ့ဆင်တူတဲ့ 6.47″ Full HD+ Display ၊ Snapdragon 730G နဲ့ 30W Fast Charging ကို Support ပြုလုပ်တဲ့ 5260mAh Battery တွေပါဝင်မယ်လို့သိရပြီးတော့ Camera ပိုင်းမှာပဲ 108MP Penta Camera Setup အစား 48MP သို့မဟုတ် 64MP Camera Setup အနေနဲ့ ပြောင်းလဲသွားမယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Xiaomi ရဲ့ Brand အခွဲဖြစ်တဲ့ POCO F2 ကိုလည်း လာမယ့် မေလမှာပဲ Global Market နဲ့ China Market အတွက် သီးသန့်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Global စျေးကွက်အတွက် မိတ်ဆက်လာမယ့် POCO F2 (M2004J11G) ကတော့ 4G ကိုပဲ Support ပြုလုပ်မယ့် Redmi K30 Pro နဲ့အတူတူဖြစ်ပြီး China စျေးကွက်အတွက် POCO F2 (M2003J6CI) ကတော့ လုံးဝမတူညီတဲ့ ဖုန်းအသစ်ဖြစ်လာမယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ဖုန်းအသစ်တွေကို လာမယ့်မေလမှာလည်း မြင်တွေ့ရဖို့က ကျိန်းသေသလောက်ရှိနေပါပြီ။

Ref – Gizmo China