POCO က နိုင်ငံတကာ ဈေးကွက်အတွက် Redmi K30 Pro ကို POCO F2 Pro နာမည်နဲ့ မေလလယ်မှာ ကြေညာခဲ့ပြီး Android 10 အခြေပြု MIUI 11 ထည့်သွင်းထားပါတယ်။ ဇွန်လမှာ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းအတွက် Android 11 Beta ကို ဖြန့်ချိပေးခဲ့ပြီး အခုတော့ နိုင်ငံတကာမှာ MIUI 12 Stable Update ကို ရနေကြပါပြီ။

POCO F2 Pro အတွက် MIUI Build ၅ မျိုး ထုတ်လုပ်ပေးထားပြီး China (Redmi K30 Pro), Global, EEA (Europe), Indonesia နဲ့ Russia တို့ ဖြစ်ပါတယ်။ MIUI 12 Stable Version ကို အဲဒီ Build အားလုံးအတွက် ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။

Redmi K30 Pro မှာ ပြီးခဲ့တဲ့ လက အဲဒီ Update ကို ရခဲ့ပြီးနောက်မှာ 12.0.2.0 Build Number ကို ထပ်ရခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ Global Version ဟာ MIUI 12.0.1.0 ကို လက်ရှိမှာ ရနေပါပြီ။

POCO F2 Pro / Redmi K30 Pro မော်ဒယ်အားလုံးအတွက် MIUI 12 Stable Build အားလုံးကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Redmi K30 Pro
    • China – V12.0.2.0.QJKCNXM
  • POCO F2 Pro
    • Global – V12.0.1.0.QJKMIXM
    • EEA – V12.0.1.0.QJKEUXM
    • Indonesia – V12.0.1.0 QJKIDXM
    • Russia – V12.0.1.0.QJKRUXM

Update ကို နိုင်ငံတကာအတွက် တစ်ဆင့်ချင်း ဖြန့်ချိပေးနေတဲ့အတွက် သင့်ဆီမှာ မရသေးရင် အချိန်အနည်းငယ် စောင့်ဆိုင်းရမှာပါ။

Ref : gizmochina