POCO ဟာ Snapdragon 8 Gen 1 ပါတဲ့ POCO F4 GT ကို ဧပြီလက ကြေညာခဲ့ပြီး မကြာခင် F4 5G ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ POCO က F4 5G ရဲ့ Specs တွေကို အရိပ်အမြွက်တောင် မျှဝေခြင်း မရှိသေးပါဘူး။ အခုတော့ ကုမ္ပဏီရဲ့ အိန္ဒိယ ဌာနက အဲဒီ စမတ်ဖုန်းမှာ Snapdragon 870 SoC ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။

POCO F4 5G ရဲ့ ဓါတ်ပုံတွေ မကြာခင်က ပေါက်ကြားလာပြီး OIS ပါတဲ့ 64MP ကင်မရာ အပါအဝင် အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ အဲဒီ စမတ်ဖုန်းကို Geekbench မှာ ပြီးခဲ့တဲ့ လ အနည်းငယ်က တွေ့ခဲ့ရပြီ ဖြစ်ပြီး Android 12 နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။

POCO F4 5G ဟာ Redmi K40S ကို နာမည်ပြောင်းထားတာလို့ သတင်းထွက်နေပြီး ကွဲပြားချက်က POCO F4 5G မှာ 64MP Main ကင်မရာနဲ့ Redmi K40S မှာ 48MP Main ကင်မရာ တပ်ဆင်ထားတာပါ။ ကျန်တဲ့ Specs တွေက တူညီကြမှာ ဖြစ်ပြီး ၆.၆၇ လက်မ FullHD+ 120Hz AMOLED မျက်နှာပြင်၊ 20MP ဆဲလ်ဖီး ကင်မရာ၊ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ စတီရီယို စပီကာနဲ့ 67W Charging ပါတဲ့ 4,500mAh ဘက်ထရီတွေ ပါလာမှာပါ။

လာမယ့် ရက်ပိုင်းအတွင်း POCO F4 5G ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena