POCO ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း POCO F4 5G ရဲ့ သတင်းအချက်အလက်တွေကို တောက်လျှောက် မျှဝေနေပြီး Snapdragon 870 Chipset ပါမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ ဒါ့အပြင် အပူ စုပ်ယူပေးတဲ့ LiquidCool 2.0 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အခုတော့ POCO က F4 5G မှာ 12GB LPDDR5 RAM နဲ့ UFS 3.1 Storage ပါလာမယ်လို့ ကြေညာလိုက်ပါတယ်။

POCO F4 5G ဟာ Redmi K40S ရဲ့ ဗားရှင်း ၁ မျိုး ဖြစ်တယ်လို့ သတင်းထွက်နေပြီး ကွဲပြားချက်က Redmi K40S မှာ 48MP ကင်မရာနဲ့ POCO F4 5G မှာ 64MP ကင်မရာ ပါလာမှာပါ။ POCO F4 5G မှာ 8GB RAM ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပြီး ပေါက်ကြား ဓါတ်ပုံတွေအရ 64MP Main ကင်မရာမှာ OIS ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Redmi K40S ကို မတ်လက ကြေညာခဲ့တာ ဖြစ်ပြီး ၆.၆၇ လက်မ FullHD+ 120Hz AMOLED မျက်နှာပြင်၊ 20MP ဆဲလ်ဖီး ကင်မရာ၊ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ စတီရီယို စပီကာနဲ့ 67W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

POCO F4 5G ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ ဒါပေမယ့် POCO ဟာ လာမယ့် ရက်ပိုင်းအတွင်း အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို မျှဝေလာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena