Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Poco ကနေ လာမယ့်မေလ ၉ ရက်နေ့မှာ Poco F5 စမတ်ဖုန်းကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ Poco F5 ဖုန်းဟာ Specification ပိုင်းအရ Xiaomi Note 12 Turbo နဲ့ ဆင်တူပေမယ့် ဒီဇိုင်းပိုင်းမှာ အနည်းငယ်ပြောင်းလဲထားမယ်လို့ သိရပါတယ်။​

အခုလည်း Poco India ရဲ့ Head အဖြစ်တာဝန်ယူထားတဲ့ Himanshu Tandon ကနေ Poco F5 ဖုန်းရဲ့ ဓါတ်ပုံတွေကို Twitter Account မှာ ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံတွေမှာ Poco F5 ကို Carbon Black နဲ့ Snowstorm White ဆိုပြီး အရောင် ၂ မျိုးပါဝင်တာကိုတွေ့ရပါတယ်။

ဒီဇိုင်းပိုင်းမှာ Carbon Black အရောင်ဟာ အမည်းရောင်ကိုမှ နောက်ကျောဘက်ကို Carbon Fiber ပုံစံ Pattern ဒီဇိုင်းပြုလုပ်ထားပြီး Snowstorm White ကတော့ အဖြူရောင်ကိုမှ နှင်းကျထားသလိုမျိုး ဒီဇိုင်းပြုလုပ်ထားမှာဖြစ်ပါတယ်။ အခုအရောင် ၂ မျိုးအပြင် တခြားအရောင်တွေ ပါဝင်ဦးမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Poco F5 စမတ်ဖုန်းဟာ 6.67″ AMOLED Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 7+ Gen2 Chipset ကို အသုံးပြုထားပြီး အမြင့်ဆုံး RAM 12GB + 256GB Storage ပါဝင်မယ်လို့ သိရပါတယ်။ Battery ပိုင်းမှာလည်း 67W Fast Charging ပါဝင်တဲ့ 5160mAh Battery ကို ထည့်သွင်းထားပါတယ်။

Camera အနေနဲ့ Poco F5 ဖုန်းဟာ 64MP Primary + 8MP Ultrawide + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပြီး Selfie Camera အတွက် 16MP Sensor ကို Punch-hole ဒီဇိုင်းအနေနဲ့ ထည့်သွင်းပေးထားပါတယ်။

Poco F5 ဖုန်းဟာ India နိုင်ငံမှာ Rs 30,000 အောက်နဲ့ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေ ၈ သိန်းဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။

Ref – Gizmo China