Xiaomi ရဲ့ Poco Brand က Poco M2 ကို ကြေညာလိုက်ပြီး ဇူလိုင်လက ကြေညာခဲ့တဲ့ M2 Pro ရဲ့ စွမ်းရည်နိမ့် မော်ဒယ် ဖြစ်ပါတယ်။ M2 မှာ Helio G80 SoC , 6GB RAM နဲ့ Android 10 အခြေပြု MIUI 11 ထည့်သွင်းထားပါတယ်။ မကြာခင်မှာ MIUI 12 ရမယ်လို့ ကုမ္ပဏီက အာမခံထားပြီး Mi နဲ့ Redmi က ရောင်းတဲ့ တခြား MIUI စမတ်ဖုန်းတွေမှာလို ကြော်ငြာတွေ မပါဘူးလို့ ပြောပါတယ်။

မျက်နှာပြင်က ၆.၅၃ လက်မ FullHD+ ဖြစ်ပြီး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်ကို လက်ဗွေရာ မထင်စေတဲ့ Texture တွေနဲ့ တည်ဆောက်ထားပြီး အနောက်ဘက်မှာပဲ လက်ဗွေရာ ကိရိယာနဲ့ ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ ကင်မရာတွေက 13MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။

5,000mAh ဘက်ထရီနဲ့ 18W Charging , USB-C Port တွေ ထောက်ပံ့ထားပြီး ဘူးထဲပါတဲ့ Charger က 10W နှုန်းပဲ အားသွင်းပေးပါတယ်။ အဲဒီဖုန်းရဲ့ Specs အများစုဟာ Redmi 9 Prime နဲ့ တူညီနေပါတယ်။ Poco M2 ရဲ့ ကျန်တဲ့ Specs တွေအကြောင်း ပြောရရင် 128GB Storage အထိထည့်သွင်းထားသလို 512GB microSD Card စိုက်နိုင်ပါတယ်။ ရေစက်ရေပေါက် ကာကွယ်ပေးတဲ့ P2i Coating , IR Blaster နဲ့ နားကြပ်ပေါက်တွေ ပါလာပြီး Brick Red, Pitch Black နဲ့ Slate Blue  ၃ ရောင် ထုတ်လုပ်ထားပါတယ်။

ဒီလ ၁၅ ရက်နေ့ အိန္ဒိယမှာ Flipkart ကနေ ရောင်းမှာ ဖြစ်ပြီး 6/64GB ကို ၁၀,၉၉၉ ရူပီးနဲ့ 6/128GB ကို ၁၂,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်းနဲ့  ၂ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena