ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက သတင်းထွက်နေတဲ့ Poco M2 Pro ကို အိန္ဒိယမှာ အွန်လိုင်းကနေ ၇ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ M2 Pro ဟာ M Series အသစ် ဖြစ်ပြီး လက်ရှိမှာ Poco က X2, F1 , F2 Pro အပါအဝင် X နဲ့ F Series တွေကို ရောင်းချထားပါတယ်။ F2 Pro ကိုတော့ အိန္ဒိယမှာ မရောင်းပေးသေးပါဘူး။

Poco က M2 Pro ရဲ့ Specs တွေကို ဘာမှ မပြောသေးပေမယ့် အဲဒီဖုန်းရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံအရ Redmi Note 9 Pro Global Version နဲ့ တူနေပါတယ်။ အနောက်ဘက် အလယ်နားမှာ ကင်မရာ ၄ လုံးကို လေးထောင့်ကွက်ထဲမှာ ထည့်ထားပြီး LED Flash ကို အောက်မှာ တပ်ဆင်ထားပါတယ်။

Poco က အဲဒီဖုန်းရဲ့ ဗီဒီယို ၁ ခုကို မျှဝေထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ နောက်ထပ် ဗီဒီယို ၁ ခုမှာ ကုမ္ပဏီက Fast Charging Support ထည့်ထားမယ်လို့ အသိပေးထားပါတယ်။ အရင်သတင်းတွေအရ M2 Pro ဟာ Redmi Note 9 Pro Global Version ကို နာမည်ပြောင်းရောင်းချမှာဖြစ်တဲ့အတွက် M2 Pro မှာ Snapdragon 720G SoC , 6.67” FullHD+ LCD, ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 30W Charging ပါတဲ့ 5,020mAh ဘက်ထရီ ပါလာမှာပါ။

အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ 64MP , 8MP Ultrawide, 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားမှာပါ။ အိန္ဒိယမှာ Flipkart ကနေ ရောင်းမှာပါ။

Ref : gsmarena