Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ POCO က ယခုနှစ်အတွင်းမှာ Redmi K30 ဖုန်းကို POCO X2 ဆိုပြီး နာမည်ပြောင်းပြီး အသစ်မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း မကြာခင်မှာ POCO F2 Pro ဆိုပြီး Flagship ဖုန်းတစ်လုံးကို မိတ်ဆက်လာတော့မှာပါ။

ဒါပေမယ့် အဆိုပါ POCO F2 Pro ဖုန်းအပြင် POCO M2 Pro ဆိုပြီး Mid Range ဖုန်းအသစ်တစ်လုံးကိုပါ မိတ်ဆက်သွားဦးမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ သတင်းကိုတော့ XDA Developers ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Xiaomi India Website မှာ SAR Testing တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ POCO M2 Pro ဖုန်းရဲ့ Model Number M2003J6CI လို့သိရပြီး Codename ကိုတော့ “gram” လို့ ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ Codename ကို ယခင်တုန်းက Redmi Note 9 Pro ရဲ့ Kernal Source Code တွေအပြင် Camera App ရဲ့ Watermark တွေမှာလည်း တွေ့ရှိခဲ့ပါသေးတယ်။

အဲ့ဒီအတွက် POCO M2 Pro စမတ်ဖုန်းဟာ Redmi Note 9 Pro ဖုန်းကိုပဲ နာမည်ပြောင်းလဲထားတဲ့ဖုန်းဖြစ်ဖို့ ရာခိုင်နှုန်းများနေပြီးတော့ Qualcomm Snapdragon 720G Processor ပါဝင်လာဖို့က ကျိန်းသေသလောက်ဖြစ်နေပါတယ်။ ဒါပေမယ့် တခြား Camera ပိုင်း၊ Battery ပိုင်းမှာ ပြောင်းလဲမှုရှိလာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena