Xiaomi ကနေ အခုအချိန်မှာ POCO X3 NFC ကို မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အဆိုပါ POCO X3 မှာဆိုရင် 64MP Quad Camera Setup ကို အသုံးပြုထားသလို Camera Design ကလည်း လက်ရှိတခြားသော စမတ်ဖုန်းတွေနဲ့မတူညီတဲ့ Design ပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။

အခုလည်း Digital Chat Station ရဲ့ ပြောကြားချက်အရ Xiaomi ဟာ အဆိုပါ POCO X3 ရဲ့ Camera Design နဲ့ဆင်တူပေမယ့် 48MP Dual Camera ပဲ ပါဝင်တဲ့ POCO ဖုန်းသစ်ကိုပါ မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်း ၂ လုံးဟာ Camera ပါဝင်မှုနည်းသွားတာကလွဲပြီး Design ပိုင်းတူညီတဲ့အတွက် POCO X3 Lite ဖုန်းဖြစ်လာနိုင်ခြေများနေပါတယ်။

ဒါပေမယ့်လည်း အခု 48MP Dual Camera Setup ပါဝင်တဲ့ POCO စမတ်ဖုန်းအသစ်ရဲ့ Specification တွေကိုတော့ အတိအကျမသိရှိရသေးသလို အရှေ့ဘက် Design ကလည်း ဘယ်လိုပုံစံဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ စျေးသက်သာတဲ့ Budget ဖုန်းအနေနဲ့ မိတ်ဆက်လာမှာဖြစ်တဲ့အတွက် Punch-hole Selfie Camera အစား Waterdrop Notch အနေနဲ့လည်း ထွက်ရှိလာနိုင်ပါတယ်။

နောက်ကျောဘက်မှာ Fingerprint ပါဝင်ခြင်းမရှိတဲ့အတွက် ဘေးဘက် Power Button မှာထည့်သွင်းထားနိုင်သလို Under-screen Fingerprint Sensor ကိုလည်း အသုံးပြုလာဖို့များနေပါတယ်။ နောက်ကျောဘက်မှာကတော့ POCO X3 လိုမျိုးပဲ POCO ဆိုတဲ့စာတန်းပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ 48MP Dual Camera Setup နဲ့ POCO စမတ်ဖုန်းအသစ်ကိုတော့ ယခုစက်တင်ဘာလကုန်ပိုင်းမှပဲ တရားဝင်မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China