Poco India ရဲ့ မန်နေဂျာ ဖြစ်သူက နောက်ထုတ်မယ့် ထုတ်ကုန်ကို ဘာဖြစ်စေချင်သလဲလို့ Fans တွေကို မေးမြန်းခဲ့ပြီး အခုတော့ သူက Fans တွေဟာ TWS Earbuds လိုချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Poco က TWS Headphones အတွက် နာမည်ရွေးပေးဖို့ တွစ်တာမှာ Fans တွေကို မေးမြန်းနေပါတယ်။ မန်နေဂျာ C Manmohan ရဲ့ အကောင့်မှာ Poll ၁ ခု ပြုလုပ်ထားပြီး နာမည်တချို့ကို ဖော်ပြထားပါတယ်။ နာမည်တွေက Poco Move Buds, Poco Klip Buds, Poco Pop Buds နဲ့ Poco Funkz  တို့ ဖြစ်ပါတယ်။ အဲဒီထဲက ၁ ခုကို Fans တွေက ရွေးချယ်ပေးရမှာပါ။

Poco ဟာ Xiaomi ရဲ့ ကုမ္ပဏီခွဲ ၁ ခု ဖြစ်ပြီး Xiaomi ရဲ့ Device တွေကို အသွင်ပြောင်း ရောင်းချနေတယ်လို့ Fans တွေက ထင်နေကြပါတယ်။ Poco TWS Earbuds နာမည်ကို Fans တွေရွေးချယ်ခိုင်းတာဟာ  Xiaomi Mi Air Dots 2 SE ကို ဆန်းသစ်ရောင်းချတာလို့ မထင်စေတော့ပါဘူး။

လက်ရှိ အချိန်မှာ မဲပေးသူ ၈,၅၀၀ ကျော်မှာ ၄၀ ရာခိုင်နှုန်းက  Poco Pop Buds နာမည်ကို ရွေးချယ်ထားကြပါတယ်။ Poco Funkz နဲ့ Poco Move Buds တို့ထက် မဲအရေအတွက် ၁ ထောင်ကျော် ပိုများနေပြီး Klip Buds နာမည်ကို ရွေးချယ်သူ ၅၀၀ ကျော်ပဲရှိပါတယ်။ Poll ပြီးဆုံးတဲ့အခါမှာ ဘယ်နာမည်က မဲ အများဆုံးလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena