[Unicode]

Poco က လူတွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ Poco X2 ကြေညာမယ့် နေ့ကို အတည်ပြုလိုက်ပါပြီ။ နောက်လ ၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ဂိမ်းကစားရင် အရမ်းလန်းတဲ့ Refresh Rate နဲ့ 64MP Sony IMX686 Sensor ထည့်သွင်းထားမယ်လို့ သိရပါတယ်။ စုစုပေါင်း ကင်မရာ ၆ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်မှာ ၄ လုံးနဲ့ အရှေ့မှာ ၂ လုံး ပါလာမှာပါ။ Qualcomm Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Liquid Cooling ပါတဲ့အတွက် ဖုန်း အပူချိန်ကို လျှော့ချပေးပါတယ်။

Poco X2 ကို ကြေညာမယ့်နေ့နဲ့ လုပ်‌ဆောင်ချက် တချို့ကို ကုမ္ပဏီက တွစ်တာကနေ မျှဝေလိုက်တာ ဖြစ်ပြီး Short Link ၁ ခုကိုပါ ထည့်ပေးထားပါတယ်။ ဖုန်းကနေ Link ကို နှိပ်ရင် သင့် ဖုန်းရဲ့ Refresh Rate ကို တွက်ချက်ဖော်ပြပေးတဲ့ ဝက်ဘ်စာမျက်နှာကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ပီစီကနေ Link ကို နှိပ်ရင်တော့ မိုဘိုင်းကိုသာ ထောက်ပံ့တယ်ဆိုတဲ့ စာသားကို မြင်ရမှာ ဖြစ်ပြီး BeSmoothAF ခလုတ်ကို နှိပ်ရင် poco.in/in/ ဝက်ဘ်စာမျက်နှာကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ Poco X2 ရဲ့ Specs တချို့ကို ဖော်ပြထားပါတယ်။

Poco က တွစ်တာမှာ #SmoothAF နဲ့ #POCOX2 စတဲ့ Hashtag တွေကို အသုံးပြုပြီး ကြေညာထားပါတယ်။ ပထမ Hashtag က ဖုန်းရဲ့ အရမ်းမြင့်မားတဲ့ Refresh Rate ကို ဆိုလိုတာဖြစ်ပါတယ်။ Poco X2 ဟာ Redmi K30 ကို မွမ်းမံထားတာဖြစ်တဲ့အတွက် 120Hz Refresh Rate ထည့်သွင်းထားတာပါ။ ကြေညာမယ့် တည်နေရာကို မသိရသေးပေမယ့် အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်နိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

120Hz မ်က္ႏွာျပင္နဲ႔ 64MP ကင္မရာ ပါတဲ့ Poco X2 ကို ေနာက္လ ၄ ရက္ေန႔မွာ ေၾကညာမည္

Poco က လူေတြ စိတ္ဝင္တစား ေစာင့္ေမွ်ာ္ေနၾကတဲ့ Poco X2 ေၾကညာမယ့္ ေန႔ကို အတည္ျပဳလိုက္ပါၿပီ။ ေနာက္လ ၄ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး ဂိမ္းကစားရင္ အရမ္းလန္းတဲ့ Refresh Rate နဲ႔ 64MP Sony IMX686 Sensor ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ စုစုေပါင္း ကင္မရာ ၆ လုံး ထည့္သြင္းထားမွာ ျဖစ္ၿပီး အေနာက္မွာ ၄ လုံးနဲ႔ အေရွ႕မွာ ၂ လုံး ပါလာမွာပါ။ Qualcomm Chipset ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး Liquid Cooling ပါတဲ့အတြက္ ဖုန္း အပူခ်ိန္ကို ေလွ်ာ့ခ်ေပးပါတယ္။

Poco X2 ကို ေၾကညာမယ့္ေန႔နဲ႔ လုပ္‌ေဆာင္ခ်က္ တခ်ိဳ႕ကို ကုမၸဏီက တြစ္တာကေန မွ်ေဝလိုက္တာ ျဖစ္ၿပီး Short Link ၁ ခုကိုပါ ထည့္ေပးထားပါတယ္။ ဖုန္းကေန Link ကို ႏွိပ္ရင္ သင့္ ဖုန္းရဲ႕ Refresh Rate ကို တြက္ခ်က္ေဖာ္ျပေပးတဲ့ ဝက္ဘ္စာမ်က္ႏွာကို ေရာက္ရွိမွာ ျဖစ္ပါတယ္။ ပီစီကေန Link ကို ႏွိပ္ရင္ေတာ့ မိုဘိုင္းကိုသာ ေထာက္ပံ့တယ္ဆိုတဲ့ စာသားကို ျမင္ရမွာ ျဖစ္ၿပီး BeSmoothAF ခလုတ္ကို ႏွိပ္ရင္ poco.in/in/ ဝက္ဘ္စာမ်က္ႏွာကို ေရာက္သြားမွာ ျဖစ္ပါတယ္။ အဲဒီမွာ Poco X2 ရဲ႕ Specs တခ်ိဳ႕ကို ေဖာ္ျပထားပါတယ္။

Poco က တြစ္တာမွာ #SmoothAF နဲ႔ #POCOX2 စတဲ့ Hashtag ေတြကို အသုံးျပဳၿပီး ေၾကညာထားပါတယ္။ ပထမ Hashtag က ဖုန္းရဲ႕ အရမ္းျမင့္မားတဲ့ Refresh Rate ကို ဆိုလိုတာျဖစ္ပါတယ္။ Poco X2 ဟာ Redmi K30 ကို မြမ္းမံထားတာျဖစ္တဲ့အတြက္ 120Hz Refresh Rate ထည့္သြင္းထားတာပါ။ ေၾကညာမယ့္ တည္ေနရာကို မသိရေသးေပမယ့္ အြန္လိုင္းကေန တိုက္႐ိုက္ ထုတ္လႊင့္ႏိုင္ပါတယ္။

Ref : gizmochina