Poco က ဒုတိယမျိုးဆက် ဖုန်းကို ကြေညာလိုက်ပြီး Poco X2 လို့ နာမည်ပေးထားပါတယ်။ Poco X2 ဟာ ဖုန်းအသစ် မဟုတ်ဘဲ Redmi K30 ကို နာမည်ပြောင်းထားတာပါ။ Poco X2 မှာ Snapdragon 730G SoC နဲ့ MIUI 11 ထည့်သွင်းထားပါတယ်။ ၆.၆၇ လက်မ 20:9 RealityFlow Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz ထောက်ပံ့တဲ့အတွက် မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက အရမ်း လန်းမှာပါ။ HDR 10 ပါတဲ့အတွက် ရုပ်ထွက်တွေ မိုက်ပါတယ်။ ညာဘက်ထိပ်နားမှာ ဆေးတောင့်ပုံ Punch Hole တပ်ဆင်ထားပြီး 20MP နဲ့ 2MP ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ထားပါတယ်။

အနောက်ဘက်မှာ 64MP Sony IMX686 Main  , 8MP Ultrawide , 2MP  Macro နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။ RAW Image တွေကို ထောက်ပံ့ပြီး 960fps Slow-motion ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ VLOG Mode လည်း ထည့်သွင်းထားပါတယ်။

Poco X2 မှာ Snapdragon 730G Chipset မောင်းနှင်ထားပြီး ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ 27W Charging ပါတဲ့ 4,500mAh ဘက်ထရီက လန်းပါတယ်။ USB-C Port ကနေ အားသွင်းရင် ၊ ဒေတာ ကူးရင် မြန်ပါတယ်။ 3.5mm Headphone Jack ပါလာပြီး Liquid Cool နည်းပညာက အပူကို ၃၀၀ ရာခိုင်နှုန်း ပိုမြန်အောင် စုပ်ယူပေးတယ်လို့ Poco က ပြောပါတယ်။

IR Blaster , VoWiFi , Hi-Res Sound နဲ့ ရေစက်ရေပေါက်တွေကို ကာကွယ်ပေးတဲ့ P2i ပါပါတယ်။ အပြာ၊ ခရမ်းနဲ့ အနီရောင် ရွေးချယ်နိုင်ပါတယ်။ 6/64GB ကို ၁၅,၉၉၉ ရူပီး ၊ 6/128GB ကို ၁၆,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်း၊ ၃ သိန်း ၅ သောင်းနဲ့ ၄ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ၁၁ ရက်နေ့မှာ Flipkart   ကနေ ရောင်းမှာပါ။

Ref : gsmarena