Xiaomi ရဲ့ ကုမ္ပဏီခွဲ Poco က အိန္ဒိယက User တွေအတွက် ပထမဆုံး MIUI 12 Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ Poco X2 မှာ MIUI 12 Update ကို ရရှိပြီ ဖြစ်ပြီး တွစ်တာမှာလည်း အဲဒီ Software Update ရပြီဆိုတာ ပြောနေကြပါတယ်။

Build Number က MIUI 12.0.1.0,QGHINXM ဖြစ်ပြီး Over-the Air က‌နေ Download ပြုလုပ်နိုင်ပါတယ်။ ဖိုင်အရွယ်အစားက 813MB ရှိပြီး Changelog မှာ Stable လို့ ဖော်ပြထားပါတယ်။ ဒါဟာ စမ်းသပ်တဲ့ ဗားရှင်းလား User အားလုံးအတွက် ဖြန့်ချိပေးတာလား ဆိုတာ မသိရသေးပါဘူး။

MIUI 12 မှာ System Animations အသစ်တွေ ပါလာပြီး ဖုန်းရဲ့ သွင်ပြင်ကို ဆန်းသစ်စေတဲ့ Advanced Architecture ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Dynamic Window နည်းပညာက Screen ပြောင်းသုံးရင် ပိုကောင်းလာပါတယ်။ Visual Design ကို ဆန်းသစ်ထားပြီး အရေးကြီးတဲ့ အရာတွေကို ဦးစားပေး ပြသပေးတဲ့ Magazine-level Layout ပါလာပါတယ်။

Ref : gsmarena