Qualcomm နဲ့ Poco တို့က X3 ဟာ Snapdragon 732G Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ အခုတော့ အဲဒီ စမတ်ဖုန်း ကြေညာမယ့်နေ့ကို သိရပါပြီ။ Poco က စက်တင်ဘာလ ၇ ရက်နေ့မှာ မိတ်ဆက်မယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေကနေ အသိပေးလိုက်ပြီး အွန်လိုင်းကနေ ကြေညာမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက Bluetooth SIG ဝက်ဘ်ဆိုက်မှာ Poco X3 NFC လို့ ဖော်ပြထားပြီး မော်ဒယ်နံပါတ်က M2007J20CG ဖြစ်ပါတယ်။ အဲဒီအတွက် NFC မပါတဲ့ Poco X3 မော်ဒယ် ၁ လုံးထွက်လာမလားလို့ ထင်မြင်မိပါတယ်။

Poco X3 ကို Geekbench မှာလည်း တွေ့လာရပြီ ဖြစ်ပြီး 6GB RAM နဲ့ Android 10 ထည့်သွင်းထားပါတယ်။ Snapdragon 732G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီ Chipset ရဲ့ လျှို့ဝှက်နာမည်က “Surya” ဖြစ်ပါတယ်။ Single Core Test မှာ ၅၇၁ မှတ်နဲ့ Multiple Core Test မှာ ၁၇၆၆ မှတ် ရထားပါတယ်။ အဲဒီ CPU အမှတ်တွေဟာ Snapdragon 720G , Snapdragon 730G တွေနဲ့ မတိမ်းမယိမ်း ဖြစ်နေပါတယ်။ ဒါပေမယ့် Chipset ကွဲပြားတာဟာ GPU အပိုင်းမှာ သိသာသွားမှာ ဖြစ်ပေမယ့် Geekbench မှာတော့ အဲဒီအကြောင်း မဖော်ပြထားပါဘူး။

Ref : gsmarena