Zawgyi




Ref: Gizmo China

Unicode

Pocofone F1 အတွက် Night Mode နဲ့ 960fps Super Slow Motion Update ရပြီ

နောက်ဆုံးတော့ Pocofone F1 အသုံးပြုသူတွေ အတွက် Night Mode နဲ့ Super Slow Motion ရိုက်ကူးနိုင်တဲ့ Software Update ထွက်ပေါ်လာပါပြီ။ Update ထွက်ရှိတာ ရက်အနည်းငယ်ရှိပေမယ့် Pcofone F1 အသုံးပြုသူတိုင်း မရရှိသေးပဲ နေရာဒေသအလိုက် Update ထွက်ရှိခဲ့တာပါ။ အခုတော့ လူတိုင်းလိုလို Update ရရှိနေပြီမို့ System Update ထဲဝင်ပြီး OTA Update စစ်ကြည့်ဖို့ မမေ့ပါနဲ့။ Update Size ဟာ 311MB ပဲရှိပါတယ်။

အခုထွက်ပေါ်လာတဲ့ MIUI Update ဟာ 10.2.2.0 ဖြစ်ပြီး Pocofone F1 အသုံးပြုသူတွေအနေနဲ့ အတော်လေး စောင့်ဆိုင်းခဲ့ရတဲ့ Update တစ်ခုဖြစ်ပါတယ်။ အပေါ်မှာပြောသွားသလိုပဲ အသစ်ပါဝင်လာတဲ့ အဓိက Feature နှစ်ခုကတော့ Night Mode နဲ့ 960fps Super Slow Motion လို့ခေါ်တဲ့ ကင်မရာ လုပ်ဆောင်ချက် အသစ်နှစ်ခုပါ။ Night Mode ဟာ ညဘက်ရိုက်တဲ့ ပုံတွေကို ရုပ်ထွက်ပိုမိုကောင်းမွန်စေတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး 960fps Super Slow Motion ကတော့ ဗီဒီယိုတွေကို တစ်စက္ကန့် ဖရိန်ပေါင်း ၉၆၀ နဲ့ ဖမ်းယူပေးမှာပါ။

အဆိုပါ Update ဟာ ဒီဇင်ဘာလအတွက် Security Update နဲ့ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Xiaomi ဟာ Pocofone F1 အတွက် Update ပေးတဲ့နေရာမှာ ကင်မရာ လုပ်ဆောင်ချက်တွေကို အဓိက အာရုံစိုက်နေပြီး 4K Videos တွေကို 60fps နဲ့ ရိုက်ကူးနိုင်စေမယ့် လုပ်ဆောင်ချက်တစ်ခုလည်း ထပ်ထည့်ပေးမယ်လို့ ပြောထားပေမယ့် အခု ထွက်ရှိလာတဲ့ Update မှာတော့ အဆိုပါ လုပ်ဆောင်ချက် ပါဝင်လာခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဖေဖော်ဝါရီ လအတွင်း ထွက်ပေါ်လာမယ့် Update တစ်ခုမှာတော့ အဆိုပါ လုပ်ဆောင်ချက်ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmo China