Zawgyi

မႏွစ္တုန္းက အေအာင္ျမင္ဆံုး Flagship Killer ဖုန္းကို ေျပာပါဆိုရင္ Xiaomi ကေန သီးသန္႔ Brand အခြဲအေနနဲ႔ မိတ္ဆက္ခဲ့တဲ့ Xiaomi Pocophone F1 ကိုပဲ သြားျပီးေျပးျမင္မိမွာပါ။ Build Quality နဲ႔ Design ပိုင္းမွာ သာမန္အဆင့္ေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာ Flagship Level ရွိျပီး ေစ်းလည္း မတရားသက္သာတဲ့အတြက္ Pocophone F1 က အသံုးျပဳသူေတြၾကားထဲမွာ အၾကီးအက်ယ္ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္အထိ Xiaomi ကေန ဒီ Pocophone F1 ရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ Pocophone F2 ကို ဘယ္အခ်ိန္မွာ မိတ္ဆက္မလဲဆုိတာကို ေၾကညာခဲ့ျခင္းမရွိေသးသလုိ အခုေနာက္ဆံုးအေနနဲ႔ ဝမ္းနည္းစရာသတင္းတစ္ခုက ထြက္ေပၚလာျပီပဲျဖစ္ပါတယ္။

ဒါကေတာ့ Poco Brand ကို Head of Product အေနနဲ႔ ဦးေဆာင္ေနတဲ့ Jai Mani က အခုအခ်ိန္မွာ Xiaomi ကေန ႏႈတ္ထြက္သြားျပီပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Pocophone F2 ကို မိတ္ဆက္လာဖုိ႔ကလည္း အခ်ိန္ထပ္ျပီး ေႏွာင့္ေႏွးသြားျပီလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

Xiaomi က Pocophone F1 စမတ္ဖုန္းကို ျပီးခဲ့တဲ့ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ မိတ္ဆက္ခဲ့တာျဖစ္တဲ့အတြက္ အခုအခ်ိန္က Pocophone F2 ကို မိတ္ဆက္ဖုိ႔အေကာင္းဆံုးအခ်ိန္ဆုိရင္လည္း မမွားပါဘူး။ ဒါေပမယ့္လည္း အခုၾကည့္ရတာေတာ့ အဲ့ဒါက မျဖစ္ႏုိင္ေတာ့တဲ့ပံုစံပါပဲ။

Xiaomi ေရာ၊ Jai Mani ေရာ ၂ ဖက္စလံုးက ဘာေၾကာင့္ အလုပ္ထြက္သြားသလဲဆုိတာနဲ႔ ဘယ္သူက Poco Brand ကို ဦးေဆာင္သြားမလဲဆိုတာကို အခုထိေျပာၾကားထားျခင္းမရွိေသးပါဘူး။

Ref – Android Authority

Unicode

မနှစ်တုန်းက အအောင်မြင်ဆုံး Flagship Killer ဖုန်းကို ပြောပါဆိုရင် Xiaomi ကနေ သီးသန့် Brand အခွဲအနေနဲ့ မိတ်ဆက်ခဲ့တဲ့ Xiaomi Pocophone F1 ကိုပဲ သွားပြီးပြေးမြင်မိမှာပါ။ Build Quality နဲ့ Design ပိုင်းမှာ သာမန်အဆင့်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ Flagship Level ရှိပြီး ဈေးလည်း မတရားသက်သာတဲ့အတွက် Pocophone F1 က အသုံးပြုသူတွေကြားထဲမှာ အကြီးအကျယ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ Xiaomi ကနေ ဒီ Pocophone F1 ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Pocophone F2 ကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို ကြေညာခဲ့ခြင်းမရှိသေးသလို အခုနောက်ဆုံးအနေနဲ့ ဝမ်းနည်းစရာသတင်းတစ်ခုက ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

ဒါကတော့ Poco Brand ကို Head of Product အနေနဲ့ ဦးဆောင်နေတဲ့ Jai Mani က အခုအချိန်မှာ Xiaomi ကနေ နှုတ်ထွက်သွားပြီပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် Pocophone F2 ကို မိတ်ဆက်လာဖို့ကလည်း အချိန်ထပ်ပြီး နှောင့်နှေးသွားပြီလို့တောင် ပြောလို့ရပါတယ်။

Xiaomi က Pocophone F1 စမတ်ဖုန်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့မှာ မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် အခုအချိန်က Pocophone F2 ကို မိတ်ဆက်ဖို့အကောင်းဆုံးအချိန်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း အခုကြည့်ရတာတော့ အဲ့ဒါက မဖြစ်နိုင်တော့တဲ့ပုံစံပါပဲ။

Xiaomi ရော၊ Jai Mani ရော ၂ ဖက်စလုံးက ဘာကြောင့် အလုပ်ထွက်သွားသလဲဆိုတာနဲ့ ဘယ်သူက Poco Brand ကို ဦးဆောင်သွားမလဲဆိုတာကို အခုထိပြောကြားထားခြင်းမရှိသေးပါဘူး။

Ref – Android Authority