[Unicode]

၂၀၁၉ ခုနှစ် ဇူလိုင်လကုန်ပိုင်းလောက်က Poco ရဲ့ အကြီးအကဲနုတ်ထွက်သွားခဲ့တာကြောင့် Pocophone F2 ရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ Pocophone F2 လို့ယူဆရတဲ့ Xiaomi ဟန်းဆက်တစ်ခုကို 3C မှာတွေ့ခဲ့ရပါတယ်။ ဒါဟာ Pocophone F2 အတွက် ပြန်လည်ရှင်သန်လာတဲ့ မျှော်လင့်ချက်ပါ။

ဒီဇင်ဘာလကုန်ပိုင်းမှာတော့ Pocophone ရဲ့ Global Head က ၂၀၂၀ အတွင်းမှာ ကုမ္ပဏီဆီကနေ သတင်းတွေ အများကြီးကြားရမယ်လို့ ဆိုခဲ့ပါတယ်။ အခုတော့ Pocophone F2 က အမှန်တကယ် လှုပ်ရှားလာပါပြီ။ အခုထွက်လာတာက သေချာတဲ့ အတည်ပြုချက်အဖြစ် trademark application မှာမြင်ရတာပါ။

မြင်တွေ့ရတဲ့အချက်အလက်တွေအရ Xaiomi ဟာ Poco F2 နာမည်ကို မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် Pocophone F2 က သေချာပေါက်ထွက်လာတော့မှာပါ။ ဘယ်အချိန်မှာ ထွက်လာမလဲဆိုတာကို မသိရသေးပေမယ့် ကုမ္ပဏီအနေနဲ့ သိပ်မကြာခင်မှာပဲ ကြေညာမှုကိုလုပ်လာမယ်လို့ ခန့်မှန်းရပါတယ်။

နိုင်ငံတကာဈေးကွက်မှာတော့ ဒီဟန်းဆက်ကို Pocophone F2 လို့ပဲ ခေါ်ဝေါ်ကြမှာပါ။ ဒါပေမယ့် အိန္ဒိယဈေးကွက်မှာတော့ ထုံးစံအတိုင်း Poco F2 လို့ပဲခေါ်ဝေါ်ကြမှာပါ။ Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့အလျောက် Pocophone ဟာ Performance ကောင်းကောင်းကို ဈေးနည်းနည်းနဲ့ ရနိုင်တာကြောင့် စောင့်မျှော်နေကြသူတွေ အမြောက်အများရှိနေမှာ အသေအချာပါ။

Ref: GSM Arena

[Zawgyi]

Pocophone F2 နာမည္ကို မွတ္ပုံတင္လိုက္တာေၾကာင့္ သိပ္မၾကာခင္မွာ ေဈးကြက္ထဲေရာက္လာဖြယ္ရွိ

၂၀၁၉ ခုႏွစ္ ဇူလိုင္လကုန္ပိုင္းေလာက္က Poco ရဲ႕ အႀကီးအကဲႏုတ္ထြက္သြားခဲ့တာေၾကာင့္ Pocophone F2 ရဲ႕ အနာဂတ္ကလည္း မေရမရာ ျဖစ္ခဲ့ရပါေသးတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလထဲမွာ Pocophone F2 လို႔ယူဆရတဲ့ Xiaomi ဟန္းဆက္တစ္ခုကို 3C မွာေတြ႕ခဲ့ရပါတယ္။ ဒါဟာ Pocophone F2 အတြက္ ျပန္လည္ရွင္သန္လာတဲ့ ေမွ်ာ္လင့္ခ်က္ပါ။

ဒီဇင္ဘာလကုန္ပိုင္းမွာေတာ့ Pocophone ရဲ႕ Global Head က ၂၀၂၀ အတြင္းမွာ ကုမၸဏီဆီကေန သတင္းေတြ အမ်ားႀကီးၾကားရမယ္လို႔ ဆိုခဲ့ပါတယ္။ အခုေတာ့ Pocophone F2 က အမွန္တကယ္ လႈပ္ရွားလာပါၿပီ။ အခုထြက္လာတာက ေသခ်ာတဲ့ အတည္ျပဳခ်က္အျဖစ္ trademark application မွာျမင္ရတာပါ။

ျမင္ေတြ႕ရတဲ့အခ်က္အလက္ေတြအရ Xaiomi ဟာ Poco F2 နာမည္ကို မွတ္ပုံတင္ထားတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ Pocophone F2 က ေသခ်ာေပါက္ထြက္လာေတာ့မွာပါ။ ဘယ္အခ်ိန္မွာ ထြက္လာမလဲဆိုတာကို မသိရေသးေပမယ့္ ကုမၸဏီအေနနဲ႔ သိပ္မၾကာခင္မွာပဲ ေၾကညာမႈကိုလုပ္လာမယ္လို႔ ခန႔္မွန္းရပါတယ္။

ႏိုင္ငံတကာေဈးကြက္မွာေတာ့ ဒီဟန္းဆက္ကို Pocophone F2 လို့ပဲ ေခၚေဝၚၾကမွာပါ။ ဒါေပမယ့္ အိႏၵိယေဈးကြက္မွာေတာ့ ထုံးစံအတိုင္း Poco F2 လို႔ပဲေခၚေဝၚၾကမွာပါ။ Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့အေလ်ာက္ Pocophone ဟာ Performance ေကာင္းေကာင္းကို ေဈးနည္းနည္းနဲ႔ ရႏိုင္တာေၾကာင့္ ေစာင့္ေမွ်ာ္ေနၾကသူေတြ အေျမာက္အမ်ားရွိေနမွာ အေသအခ်ာပါ။

Ref: GSM Arena