[Unicode]

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Pocophone ကလည်း တရုတ်နိုင်ငံအပါအဝင် ဈေးကွက်အချို့မှာတော့ အောင်မြင်ပြီး လူကြိုက်များတဲ့ အမှတ်တံဆိပ်လို့ ဆိုရမှာပါ။ အထူးသဖြင့် အံ့အားသင့်ဖွယ်ရာဈေးနှုန်းနဲ့ Flagship နီးပါးလောက်ရှိတဲ့ Spec တွေကို ထည့်သွင်းပေးထားတာကြောင့် ဖြစ်ပါတယ်။

အိန္ဒိယမှာ Poco လို့ပဲ အတိုခေါ်ဝေါ်ကြတဲ့ ဒီအမှတ်တံဆိပ်ဟာ ၂၀၁၈ခုနှစ် သြဂုတ်လတုန်းက Pocophone F1 ကို ပွဲထုတ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Pocophone F1 ကိုဆက်ခံမယ့် Pocophone F2 ရဲ့ အနာဂတ်က အတော်လေးကို ဝေဝေဝါးဝါး ဖြစ်ခဲ့ရပါတယ်။

အထူးသဖြင့် ဇူလိုင်လထဲမှာ Poco ရဲ့ အကြီးအကဲ နုတ်ထွက်သွားတာကြောင့် Pocophone F2 တောင် ထွက်လာပါ့မလားလို့ စိုးရိမ်ခဲ့ကြရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတော့ Pocophone F2 လို့ ယူဆရတဲ့ Xaiomi ဖုန်းကို 3C Certification မှာတွေ့ခဲ့ကြရတာကြောင့် မျှော်လင့်ချက်တွေ ပြန်ပြီးရှင်သန်လာခဲ့ကြတာပါ။

အခုအချိန်ထိတော့ Pocophone ဟာ သူတို့ရဲ့ နောက်ထပ် ဟန်းဆက်သစ်ကို ဘယ်အချိန်မှာ ဖြန့်ချိမယ်ဆိုတာကို သေချာမသိရသေးပါဘူး။ ဒါပေမယ့် Pocophone ရဲ့ Global Head ဖြစ်တဲ့ Alvin Tse က လာမယ့် ၂၀၂၀ မှာ Poco ဆီကနေ သတင်းတွေ အများကြီးကြားရမယ်လို့ ဆိုလိုက်ပါတယ်။

Pocophone F2 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း အခုအချိန်ထိတော့ သိရှိရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သတင်းတွေအများကြီး ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဘာပဲဖြစ်ဖြစ် Poco Fan တွေအတွက်တော့ ဝမ်းသာစရာ သတင်းဖြစ်ပါလိမ့်မယ်။

Ref: GSM Arena

[Zawgyi]

ေနာက္ဆုံးေတာ့ Pocophone F2 ကို ၂၀၂၀ မွာ ျမင္ေတြ႕ရေတာ့မယ္

Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ Pocophone ကလည္း တ႐ုတ္ႏိုင္ငံအပါအဝင္ ေဈးကြက္အခ်ိဳ႕မွာေတာ့ ေအာင္ျမင္ၿပီး လူႀကိဳက္မ်ားတဲ့ အမွတ္တံဆိပ္လို႔ ဆိုရမွာပါ။ အထူးသျဖင့္ အံ့အားသင့္ဖြယ္ရာေဈးႏႈန္းနဲ႔ Flagship နီးပါးေလာက္ရွိတဲ့ Spec ေတြကို ထည့္သြင္းေပးထားတာေၾကာင့္ ျဖစ္ပါတယ္။

အိႏၵိယမွာ Poco လို႔ပဲ အတိုေခၚေဝၚၾကတဲ့ ဒီအမွတ္တံဆိပ္ဟာ ၂၀၁၈ခုႏွစ္ ၾသဂုတ္လတုန္းက Pocophone F1 ကို ပြဲထုတ္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Pocophone F1 ကိုဆက္ခံမယ့္ Pocophone F2 ရဲ႕ အနာဂတ္က အေတာ္ေလးကို ေဝေဝဝါးဝါး ျဖစ္ခဲ့ရပါတယ္။

အထူးသျဖင့္ ဇူလိုင္လထဲမွာ Poco ရဲ႕ အႀကီးအကဲ ႏုတ္ထြက္သြားတာေၾကာင့္ Pocophone F2 ေတာင္ ထြက္လာပါ့မလားလို႔ စိုးရိမ္ခဲ့ၾကရတာပါ။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလထဲမွာေတာ့ Pocophone F2 လို႔ ယူဆရတဲ့ Xaiomi ဖုန္းကို 3C Certification မွာေတြ႕ခဲ့ၾကရတာေၾကာင့္ ေမွ်ာ္လင့္ခ်က္ေတြ ျပန္ၿပီးရွင္သန္လာခဲ့ၾကတာပါ။

အခုအခ်ိန္ထိေတာ့ Pocophone ဟာ သူတို႔ရဲ႕ ေနာက္ထပ္ ဟန္းဆက္သစ္ကို ဘယ္အခ်ိန္မွာ ျဖန႔္ခ်ိမယ္ဆိုတာကို ေသခ်ာမသိရေသးပါဘူး။ ဒါေပမယ့္ Pocophone ရဲ႕ Global Head ျဖစ္တဲ့ Alvin Tse က လာမယ့္ ၂၀၂၀ မွာ Poco ဆီကေန သတင္းေတြ အမ်ားႀကီးၾကားရမယ္လို႔ ဆိုလိုက္ပါတယ္။

Pocophone F2 နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုလည္း အခုအခ်ိန္ထိေတာ့ သိရွိရျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ သတင္းေတြအမ်ားႀကီး ထြက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဘာပဲျဖစ္ျဖစ္ Poco Fan ေတြအတြက္ေတာ့ ဝမ္းသာစရာ သတင္းျဖစ္ပါလိမ့္မယ္။

Ref: GSM Arena