Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ POCO ဟာ အခုအချိန်မှာ POCO X2 အပြင် POCO F2 Pro Flagship ဖုန်းကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း POCO India ရဲ့ General Manager ဖြစ်တဲ့ C Manmohan ကနေ လာမယ့် POCO True Wireless Earbuds အသစ်ရဲ့ နာမည်ကို Voting စနစ်နဲ့ Twitter မှာရွေးချယ်ခိုင်းခဲ့ပါတယ်။

အဆိုပါ Vote ပြုလုပ်ခိုင်းတဲ့ နာမည်တွေထဲမှာ POCO Move Buds ၊ POCO Klip Buds ၊ POCO Pop Buds နဲ့ POCO Funkz ဆိုတဲ့နာမည်တွေပါဝင်ပြီးတော့ POCO Pop Buds က ၄၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဲ့ဒီအတွက် POCO ရဲ့ ပထမဆုံး TWS Earbuds က POCO Pop Buds ဆိုပြီး နာမည်ပေးထားမှာဖြစ်ပါတယ်။

အခုလိုမျိုး နာမည်ကို ရွေးချယ်ခိုင်းခဲ့ပေမယ့် POCO ရဲ့ TWS Earbuds တွေဟာ ဘယ်လိုပုံစံမျိုးရှိမလဲနဲ့ စျေးနှုန်းဘယ်လောက်ဝန်းကျင်ရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ လက်ရှိ Xiaomi ကနေ ထုတ်လုပ်ထားပြီး ဖြစ်တဲ့ Redmi AirDots နဲ့ Mi AirDots 2S လိုမျိုး ဒီဇိုင်းတွေကိုပဲ အသုံးပြုထားပြီး POCO နာမည်နဲ့ မိတ်ဆက်လာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ အခုဆိုရင် Mi ၊ Redmi နဲ့ POCO စတဲ့ ကုမ္ပဏီခွဲအသီးသီးမှာ TWS Earbuds ကိုယ်စီရှိလာကြတော့မှာဖြစ်ပါတယ်။

Ref – Gizmo China