Blizzard ဂိမ္းကုမၸဏီၾကီးဟာ တရုတ္အေျခစုိက္ NetEase စတူဒီယုိနဲ႔ တြဲျပီး Diablo: Immortal မုိဘုိင္းဂိမ္းကို မၾကာေသးခင္က BlizzCon မွာမိတ္ဆက္ခဲ့ပါတယ္။ Diablo ဟာႏွစ္ေပါင္းမ်ားစြာ Hardcore ဂိမ္မာေတြ ကြန္ျပဴတာနဲ႔ ကြန္ဆုိးဂိမ္းစက္ေတြမွာ စြဲစြဲလမ္းလမ္းေဆာ့ကစားလာတဲ့ Fantasy Action-RPG ဂိမ္းစီးရီးၾကီး တစ္ခုျဖစ္ျပီး ႏွစ္ပတ္လည္ ကြန္ေဗးရွင္းပြဲၾကီးမွာ အဲဒီလို မိတ္ဆက္လိုက္တဲ့အတြက္ အမာခံ ပရိသတ္ေတြရဲ႕ ကန္႔ကြက္မႈကို ၾကဳံေတြ႕လိုက္ရပါတယ္။

ဒါေပမယ့္ StarCraft, WarCraft, Overwatch စသျဖင့္ ေပါက္ဂိမ္းေပါင္း ေျမာက္မ်ားစြာကို ဆယ္စုႏွစ္နဲ႔ခ်ီ ထုတ္လုပ္လာတဲ့ Blizzard ကေတာ့ မုိဘုိင္းပလက္ေဖာင္းကို မ်က္စိက်ေနပါျပီ။ Diablo: Immortal ဖုန္းဂိမ္းဟာ သူတုိ႔ အစီအစဥ္ရဲ႕ အေပၚယံေျခလွမ္း တစ္ခုသာျဖစ္ျပီး သူတုိ႔ရဲ႕ ေပါက္ဂိမ္းေတြအကုန္လုံးကို မုိဘုိင္းေပၚ ေျပာင္းဖို႔ စီစဥ္ထားတာကို ထုတ္ေျပာခဲ့ပါတယ္။

Kotaku မွအစီရင္ခံခ်က္အရ Blizzard ကုမၸဏီလက္ေအာက္က အဖြဲ႕ငယ္တစ္ခုဟာ Warcraft စီးရီးကို အေျခခံျပီး မုိဘိုင္းဂိမ္းတစ္ခုကို ထုတ္လုပ္ဖို႔ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။ သူတုိ႔ရဲ႕ စံအေနနဲ႔ ထားတဲ့ ဂိမ္းကေတာ့ ဂ်ပန္အေျခစုိက္ မဟာဂိမ္းကုမၸဏီၾကီး တစ္ခုပဲျဖစ္တဲ့ နင္တန္းဒိုး မတရားေအာင္ျမင္ခဲ့တဲ့ Pokemon Go ဂိမ္းပါပဲ။ သူ႕ရဲ႕ Augmented Reality ပုံစံကို အတုခုိးကာ Warcraft မိုဘုိင္းဂိမ္းကို ဖန္တီးဖို႔ ၾကိဳးစားလာတာ ျဖစ္ပါတယ္။

Blizzard ဝန္ထမ္းေတြထဲမွာလည္း အားလပ္ခ်ိန္မွာ Pokemon Go ကစားတဲ့သူေတြ ရွိေနျပီး ကုမၸဏီဝန္း ထဲမွာ ရွိေနတဲ့ Warcraft ထဲက Orc သတၱဝါရုပ္ထုၾကီးဟာလည္း Pokestop တစ္ခု ျဖစ္ပါတယ္။ Warcraft မုိဘုိင္းဂိမ္းအဖြဲ႕ရဲ႕ ဦးေဆာင္ဒီဇုိင္နာ Cory Stockton ဟာလည္း ပိုကီမြန္စီးရီးရဲ႕ အမာခံပရိသတ္ တစ္ေယာက္လို႔ သိရတယ္။

Blizzard ရဲ႕ပါဝင္လာမႈနဲ႔အတူ နဂုိထဲက အရွိန္ရေနတဲ့ မုိဘိုင္းဂိမ္းေလာကဟာ ၾကီးသထက္ ၾကီးမားလာခဲ့ပါျပီ။ ဒါ့အျပင္ တခ်ိန္လုံး ကြန္ျပဴတာဂိမ္းလိုမ်ဳိး တာဝန္ယူမႈေရာ အရြယ္အစားပါ ၾကီးမားလွတဲ့ ပေရာဂ်က္ေတြကိုသာ လုပ္ကိုင္ခဲ့ရတဲ့ Blizzard Developer ေတြကလည္း မုိဘုိင္းဂိမ္းလို ပိုေသးငယ္တဲ့ ပေရာဂ်က္ေတြကို လုပ္ၾကည့္ဖို႔ စိတ္ပါေနတယ္လို႔ သိရပါတယ္။

Ref – Android Authority

Unicode

Blizzard ဂိမ်းကုမ္ပဏီကြီးဟာ တရုတ်အခြေစိုက် NetEase စတူဒီယိုနဲ့ တွဲပြီး Diablo: Immortal မိုဘိုင်းဂိမ်းကို မကြာသေးခင်က BlizzCon မှာမိတ်ဆက်ခဲ့ပါတယ်။ Diablo ဟာနှစ်ပေါင်းများစွာ Hardcore ဂိမ်မာတွေ ကွန်ပြူတာနဲ့ ကွန်ဆိုးဂိမ်းစက်တွေမှာ စွဲစွဲလမ်းလမ်းဆော့ကစားလာတဲ့ Fantasy Action-RPG ဂိမ်းစီးရီးကြီး တစ်ခုဖြစ်ပြီး နှစ်ပတ်လည် ကွန်ဗေးရှင်းပွဲကြီးမှာ အဲဒီလို မိတ်ဆက်လိုက်တဲ့အတွက် အမာခံ ပရိသတ်တွေရဲ့ ကန့်ကွက်မှုကို ကြုံတွေ့လိုက်ရပါတယ်။

ဒါပေမယ့် StarCraft, WarCraft, Overwatch စသဖြင့် ပေါက်ဂိမ်းပေါင်း မြောက်များစွာကို ဆယ်စုနှစ်နဲ့ချီ ထုတ်လုပ်လာတဲ့ Blizzard ကတော့ မိုဘိုင်းပလက်ဖောင်းကို မျက်စိကျနေပါပြီ။ Diablo: Immortal ဖုန်းဂိမ်းဟာ သူတို့ အစီအစဉ်ရဲ့ အပေါ်ယံခြေလှမ်း တစ်ခုသာဖြစ်ပြီး သူတို့ရဲ့ ပေါက်ဂိမ်းတွေအကုန်လုံးကို မိုဘိုင်းပေါ် ပြောင်းဖို့ စီစဉ်ထားတာကို ထုတ်ပြောခဲ့ပါတယ်။

Kotaku မှအစီရင်ခံချက်အရ Blizzard ကုမ္ပဏီလက်အောက်က အဖွဲ့ငယ်တစ်ခုဟာ Warcraft စီးရီးကို အခြေခံပြီး မိုဘိုင်းဂိမ်းတစ်ခုကို ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ စံအနေနဲ့ ထားတဲ့ ဂိမ်းကတော့ ဂျပန်အခြေစိုက် မဟာဂိမ်းကုမ္ပဏီကြီး တစ်ခုပဲဖြစ်တဲ့ နင်တန်းဒိုး မတရားအောင်မြင်ခဲ့တဲ့ Pokemon Go ဂိမ်းပါပဲ။ သူ့ရဲ့ Augmented Reality ပုံစံကို အတုခိုးကာ Warcraft မိုဘိုင်းဂိမ်းကို ဖန်တီးဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

Blizzard ဝန်ထမ်းတွေထဲမှာလည်း အားလပ်ချိန်မှာ Pokemon Go ကစားတဲ့သူတွေ ရှိနေပြီး ကုမ္ပဏီဝန်း ထဲမှာ ရှိနေတဲ့ Warcraft ထဲက Orc သတ္တဝါရုပ်ထုကြီးဟာလည်း Pokestop တစ်ခု ဖြစ်ပါတယ်။ Warcraft မိုဘိုင်းဂိမ်းအဖွဲ့ရဲ့ ဦးဆောင်ဒီဇိုင်နာ Cory Stockton ဟာလည်း ပိုကီမွန်စီးရီးရဲ့ အမာခံပရိသတ် တစ်ယောက်လို့ သိရတယ်။

Blizzard ရဲ့ပါဝင်လာမှုနဲ့အတူ နဂိုထဲက အရှိန်ရနေတဲ့ မိုဘိုင်းဂိမ်းလောကဟာ ကြီးသထက် ကြီးမားလာခဲ့ပါပြီ။ ဒါ့အပြင် တချိန်လုံး ကွန်ပြူတာဂိမ်းလိုမျိုး တာဝန်ယူမှုရော အရွယ်အစားပါ ကြီးမားလှတဲ့ ပရောဂျက်တွေကိုသာ လုပ်ကိုင်ခဲ့ရတဲ့ Blizzard Developer တွေကလည်း မိုဘိုင်းဂိမ်းလို ပိုသေးငယ်တဲ့ ပရောဂျက်တွေကို လုပ်ကြည့်ဖို့ စိတ်ပါနေတယ်လို့ သိရပါတယ်။

Ref – Android Authority