ကမ္ဘာနဲ့ချီပြီးပေါက်ခဲ့တဲ့ မိုဘိုင်းဂိမ်းတွေထဲကတစ်ခုဖြစ်တဲ့ Pokemon GO ဟာ လာမယ့်သြဂုတ်လကစပြီး 32-bit Android ဖုန်းတွေကို ဆက်လက်ထောက်ပံ့ပေးတော့မှာမဟုတ်ဘူးလို့ ဖန်တီးသူ Niantic စတူဒီယိုက ကြေညာခဲ့ပါတယ်။ လာမယ့်ဟန်းဆက်နဲ့ OS အသစ်တွေကို ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အပြောင်းအလဲကို ပြုလုပ်ရတာဖြစ်တယ်လို့လည်း သူတို့က ဖြေရှင်းခဲ့ပါတယ်။

Pokemon GO က ရပ်တန့်လိုက်ပြီဆိုတာနဲ့ ဟန်းဆက်အဟောင်းတွေကနေ ဝင်ရောက်ဆော့ကစားနိုင်တော့မှာ မဟုတ်ဘဲ 64-bit ဟန်းဆက်တွေကသာ ဆော့ကစားနိုင်တော့မှာပါ။ ဒါ့အပြင် ကစားသူတွေကို အကောင့်အချက်အလက်နဲ့ Password များအား Backup လုပ်ထားဖို့လည်း Niantic က သတိပေးခဲ့ပါတယ်။

Update အသစ်ထွက်လာရင် Pokemon GO မရနိုင်တော့မယ့် ဟန်းဆက်တွေထဲမှာ –

    • Samsung Galaxy S4, S5, Note 3, J3
    • Sony Xperia Z2, Z3
  • Motorola Moto G (1st generation)
  • LG Fortune, Tribute
  • OnePlus One
  • HTC One (M8)
  • ZTE Overture 3 နဲ့

၂၀၁၅ မတိုင်ခင်က ထွက်ထားတဲ့ ဖုန်းအများအပြားတို့ ပါဝင်နေပါတယ်။

နောက်ထပ်ဖြစ်နိုင်တာတစ်ခုက 64-bit ချစ်ပ်ဆက်အသုံးပြုထားပေမယ့် 32-bit Android OS ကိုသာ အသုံးပြုထားတဲ့ ဖုန်းတွေလည်း အလားတူကြုံတွေ့ရနိုင်ပါတယ်။ Pokemon GO ဆက်ဆော့လို့မရတော့မယ့်အထဲမှာ ကိုယ့်ဖုန်းပါမလား ဆိုတာအတွက် Reddit ပေါ်မှာ စာရင်းတစ်ခုပြုလုပ်နေပြီး ဒီနေရာမှာ စစ်ဆေးကြည့်နိုင်ပါတယ်။

Ref – GSMArena