Zawgyi

ျပီးခဲ့တဲ့ႏွစ္ေတြတုန္းက ေဆာ့ကစားသူေတြမတရားကို မ်ားျပားခဲ့တဲ့ Pokemon Go Mobile Game ကို မွတ္မိၾကဦးမွာပါ။ အဆုိပါ အခ်ိန္တုန္းကလည္း ပထမဆံုး ေအာင္ျမင္ခဲ့တဲ့ AR (Augmented Reality) Game တစ္ခုျဖစ္ခဲ့တဲ့အျပင္ Game Developer ျဖစ္တဲ့ Niantic အတြက္လည္း ဝင္ေငြအမ်ားအျပားရရွိခဲ့တာျဖစ္ပါတယ္။

အခုလည္း ေနာက္ထပ္ Pokemon Mobile Game တစ္ခုက Android နဲ႔ iOS အတြက္ ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ယခု Game က ယခင္ Pokemon Go ရဲ႕ Developer ျဖစ္တဲ့ Niantic ကေန ထုတ္ေတာ့မွာမဟုတ္ဘဲ Developer DeNA ကေန ထုတ္ေပးသြားမွာျဖစ္ပါတယ္။

ဒီ Pokemon Mobile Game အသစ္ရဲ႕ နာမည္ကိုေတာ့ Pokemon Masters လုိ႔ နာမည္ေပးထားျပီးေတာ့ Game Trailer ကိုလည္း ေအာက္မွာၾကည့္ရႈႏုိင္မွာျဖစ္ပါတယ္။

ဒီ Developer DeNA ဟာ ယခုတစ္ၾကိမ္က ပထမဆံုးအေနနဲ႔ Pokemon Game ကို ထုတ္လုပ္တာျဖစ္ျပီးေတာ့ ယခင္တုန္းက ေအာင္ျမင္တဲ့ Nintendo Game ေတြျဖစ္တဲ့ Super Mario Run နဲ႔ Fire Emblem : Heroes ေတြကို ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရွိမၾကာခင္ထြက္ရွိလာတာေတာ့မယ့္ Mario Kart Tour Mobile Game အတြက္လည္း ကူညီျပီး Develop လုပ္ေပးေနတဲ့အတြက္ အခုထြက္လာမယ့္ Pokemon Masters Game ကလည္း ေတာ္ေတာ္ေလးကိုေကာင္းလာႏုိင္ပါတယ္။

အခု Pokemon Masters Game ဟာဆုိရင္ Original Pokemon Series ထဲကလိုမ်ိဳးပဲ Pokemon Trainer အေနနဲ႔ ကစားရမွာျဖစ္ျပီးေတာ့ ကိုယ့္ရဲ႕ Pokemon ေကာင္ေလးေတြကိုအသံုးျပဳျပီး 3 VS 3 Battle ေတြကို ေဆာ့ကစားရမွာပါ။ တကယ္စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္ကေတာ့ ယခု Battle ရဲ႕ Cooldown ေတြနဲ႔ Abilities ေတြက ပံုမွန္ Game ေတြလုိမ်ိဳး အလွည့္ၾကျဖစ္ေနမွာမဟုတ္ဘဲ Real-time အေနနဲ႔ ေဆာ့ကစားရမွာပဲျဖစ္ပါတယ္။

DeNA ကေတာ့ ဒီ Pokemon Masters Game ဟာ လာမယ့္လပုိင္းအတြင္း ထြက္ရွိလာမယ္လို႔ေျပာၾကားထားျပီးေတာ့ Free ျဖစ္မလား ၊ ပိုက္ဆံေပးဝယ္ယူရမလားဆုိတာကိုေတာ့ ေျပာၾကားခဲ့ျခင္းမရွိပါဘူး။

Ref – Phone Arena

Unicode

ပြီးခဲ့တဲ့နှစ်တွေတုန်းက ဆော့ကစားသူတွေမတရားကို များပြားခဲ့တဲ့ Pokemon Go Mobile Game ကို မှတ်မိကြဦးမှာပါ။ အဆိုပါ အချိန်တုန်းကလည်း ပထမဆုံး အောင်မြင်ခဲ့တဲ့ AR (Augmented Reality) Game တစ်ခုဖြစ်ခဲ့တဲ့အပြင် Game Developer ဖြစ်တဲ့ Niantic အတွက်လည်း ဝင်ငွေအများအပြားရရှိခဲ့တာဖြစ်ပါတယ်။

အခုလည်း နောက်ထပ် Pokemon Mobile Game တစ်ခုက Android နဲ့ iOS အတွက် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယခု Game က ယခင် Pokemon Go ရဲ့ Developer ဖြစ်တဲ့ Niantic ကနေ ထုတ်တော့မှာမဟုတ်ဘဲ Developer DeNA ကနေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

ဒီ Pokemon Mobile Game အသစ်ရဲ့ နာမည်ကိုတော့ Pokemon Masters လို့ နာမည်ပေးထားပြီးတော့ Game Trailer ကိုလည်း အောက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီ Developer DeNA ဟာ ယခုတစ်ကြိမ်က ပထမဆုံးအနေနဲ့ Pokemon Game ကို ထုတ်လုပ်တာဖြစ်ပြီးတော့ ယခင်တုန်းက အောင်မြင်တဲ့ Nintendo Game တွေဖြစ်တဲ့ Super Mario Run နဲ့ Fire Emblem : Heroes တွေကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမကြာခင်ထွက်ရှိလာတာတော့မယ့် Mario Kart Tour Mobile Game အတွက်လည်း ကူညီပြီး Develop လုပ်ပေးနေတဲ့အတွက် အခုထွက်လာမယ့် Pokemon Masters Game ကလည်း တော်တော်လေးကိုကောင်းလာနိုင်ပါတယ်။

အခု Pokemon Masters Game ဟာဆိုရင် Original Pokemon Series ထဲကလိုမျိုးပဲ Pokemon Trainer အနေနဲ့ ကစားရမှာဖြစ်ပြီးတော့ ကိုယ့်ရဲ့ Pokemon ကောင်လေးတွေကိုအသုံးပြုပြီး 3 VS 3 Battle တွေကို ဆော့ကစားရမှာပါ။ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ယခု Battle ရဲ့ Cooldown တွေနဲ့ Abilities တွေက ပုံမှန် Game တွေလိုမျိုး အလှည့်ကြဖြစ်နေမှာမဟုတ်ဘဲ Real-time အနေနဲ့ ဆော့ကစားရမှာပဲဖြစ်ပါတယ်။

DeNA ကတော့ ဒီ Pokemon Masters Game ဟာ လာမယ့်လပိုင်းအတွင်း ထွက်ရှိလာမယ်လို့ပြောကြားထားပြီးတော့ Free ဖြစ်မလား ၊ ပိုက်ဆံပေးဝယ်ယူရမလားဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref – Phone Arena