OnePlus ကနေ လာမယ့်ဇူလိုင်လ ၂၁ ရက်နေ့မှာ Mid Range စျေးကွက်အတွက် OnePlus Nord ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်ကြည့်ရတာကတော့ အဆိုပါ OnePlus Nord ဖုန်းဟာ OnePlus ရဲ့ ယခုနှစ်အတွက်တစ်ခုထဲသော Mid Range ဖုန်းမဟုတ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ “OnePlus BE2028” ဆိုတဲ့ Codename နဲ့ Mid Range စမတ်ဖုန်းအသစ်ကို တွေ့ရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အဆိုပါ ဖုန်းဟာ Codename အရ OnePlus Nord မဟုတ်သလို Geekbench ရဲ့ ဖော်ပြချက်အရလည်း Qualcomm Snapdragon 690 Chipset ကိုမှ RAM 6GB အသုံးပြုထားတာဖြစ်ပါတယ်။

OnePlus Nord စမတ်ဖုန်းဟာ ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ Qualcomm Snapdragon 765G ကိုအသုံးပြုလာမှာဖြစ်သလို RAM အနေနဲ့လည်း 8GB သို့မဟုတ် 12GB ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Geekbench မှာပေါက်ကြားလာတဲ့စမတ်ဖုန်းဟာ OnePlus Nord Lite စမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။

Snapdragon 690 Chipset ဟာ Snapdragon 600 Series ထဲမှာ 5G Support ရရှိတဲ့ Chipset တစ်ခုဖြစ်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း Snapdragon 675 လိုမျိုး Chipset တွေထက်တောင် သိသိသာသာပိုကောင်းလာတာဖြစ်ပါတယ်။ Architecture ပိုင်းအနေနဲ့လည်း 8nm ကိုအခြေခံထားတဲ့အတွက် Power စားသုံးမှုလည်း သက်သာစေမှာပါ။

ဒါပေမယ့်လည်း OnePlus ကနေ Nord အပြင် Nord Lite လိုမျိုး စမတ်ဖုန်းရှိလာမယ်ဆိုတာကိုတော့ အတည်ပြုထားခြင်းမရှိသေးတဲ့အတွက် ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref – Gizmo China